Ep - 13

435 64 0
                                    

သိပ်များများစားစား သိမ်းဆည်းစရာမရှိတဲ့ ပစ္စည်းတွေကို သိမ်းပြီးတဲ့နောက်မှာ အဆောင်ခန်းလေးက ချက်ချင်းဆိုသလို ဗလာခန်းလေးတစ်ခန်းလို ဖြစ်သွားတာကြောင့် မက်သရူး သက်ပြင်းချလိုက်မိသည်။

"တာဝန်ပြီးဆုံးမှာပါ ဆော့မက်သရူး.."

ပြတင်းပေါက်မှန်ထဲက ထင်ဟပ် နေသည့် သူ့ပုံရိပ်ကို ကြည့်ရင် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

*သူ့မှာ ဆောင်းမျိုးရိုးသွေးတွေ စီးဆင်းနေတာ ဝူဟျွန်း... မင်းတို့က ဘယ်အခြေအနေဖြစ်ဖြစ် ပေါင်းဆုံဖို့ဆိုတာ မဖြစ်နိုင်ဘူး.. မင်းတို့ကသေတဲ့အထိ ရန်သူတွေအဖြစ်နဲ့ပဲ ဇာတ်သိမ်းရမှာ.. မေမေ ပြောတာ နားထောင်ပါ... ဆော့မက်သရူး ကို ဆောင်းဟန်ဘင်း ဘဝ ထဲကနေ အမြန်ဆုံး ထုတ်ပစ်လိုက်တော့...*

*မက်သရူး.. ငါဘယ်လိုပဲဖြစ်ဖြစ် မင်းဘက်က ဆိုပေမယ့်.. သူတို့နှစ်ယောက်ကိုကြည့်စမ်း...အရမ်းကိုလိုက်ဖက် လွန်းနေတယ်လို့ မထင်ဘူးလား.. အင်း..လူတွေပြောကြတယ်လေ..နေနဲ့လ..ရွှေနဲ့မြ ဆိုသလိုပေါ့... သူတို့နှစ်လောက် ပေါင်းစည်းသွားရင်... မင်း မင်းအစ်ကို ဘယ်တော့ မှ နိုင်မှာမဟုတ်ဘူး.."

နာကျင်ရသည်...။ နှလုံးသားပေါ် အပ် အစင်းပေါင်းများစွာ ထိုးစိုက်ထားသလို တဖြည်းဖြည်း ..တဆစ်ဆစ်နဲ့ နာကျင်ရတယ်။ ထို နာကျင်မှု တွေနောက်က ဝမ်းနည်းမှုတွေ ကပ်ပါလာသလို ဝမ်းနည်းမှုတွေနောက်က မျက်ရည်တွေက ကျဆင်းလာတယ်။

မက်သရူး မျက်ရည်တွေသာ စီးကျနေမယ့် ငိုနေတာတော့ မဟုတ်... ငိုချင်ပေမယ့် ရင်ထဲမှာ ခံစားနေရတဲ့ ဆို့နင့် မှုတွေ တံတိုင်းကြီးလို အထပ်ထပ် ကာရံပြီး မွန်းကြပ်မှုတွေရဲ့ သိပ်သည်းဆ သာ ကြီးထွားလာခဲ့တာကြောင့် ဆက်တောင် မတ်တတ်မရပ်နိုင်တော့ဘဲ ကြမ်းပြင်‌ပေါ် ဒူးတုတ်ထိုင်ချမိသည်။

"ကျွန်တော် စခဲ့တဲ့ ဇာတ်လမ်းကို ကျွန်တော်ကိုယ်တိုင် အဆုံးသတ်မှာကို ဘာလို့ ကျွန်တော်ပဲ နာကျင်နေရတာလဲ..ဟျောင်း..... အသက်မရှူနိုင် လောက်အောင်.... နှလုံးသားတစ်ခုလုံးပေါက်ကွဲ မတတ်အောင်...ခံစားရတယ်... ဟျောင်း..."

From The Other SideWhere stories live. Discover now