Ep - 4

540 71 4
                                    

ဟူး....

ဒီနေ့ က ဂင်ဂယူဗင်း ကား တိုက်ခံရမည့် နေ့မို့ မက်သရူး စိတ်လှုပ်ရှားနေမိသည်။ သူကိုယ်တိုင် ဆောင်းဝူဟျွန်း ပီသအောင် ကား ဘရိတ်ကို ဖြုတ်ခိုင်းလိုက်မိပြီးမှ ဟိုနေ့က နောက်ကြောင်းပြန်ပြကွက်ကြောင့် ဂယူဗင်းကို မရရအောင် ကယ်မှ ဖြစ်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ဆောင်းဟန်ဘင်းကို ဒီထက် ပိုပြီး စိတ်ဆင်းရဲ ဝမ်းနည်းတာမျိုးတွေ မက်သရူး မကြည့်ရက်တော့တာကြောင့်ပင်။

ဆောင်းဝူဟျွန်းရဲ့ ကတိမတည်မှုနဲ့အမှားတွေကို နည်းနည်းလေး အဖက်ဆယ် နိုင်ဖို့ဆိုလည်း မမှားပေ။

မက်သရူး ရဲ့စီမံကိန်းက အလုပ်ဖြစ်နိုင် မဖြစ်နိုင် မသေချာပေမဲ့ ထို အကြံရဖို့ သူ နေ့မအိပ် ညမအိပ်စဉ်းစားလိုက်ရသည်။

ထွေထွေထူးထူးတော့ မဟုတ်... ကြည့်ခဲ့ဖူးသည့် Extraordinary You စီးရီးထဲက မင်းသားက မင်းသမီးကိုကယ်ဖို့ အင်္ကျီ ပြောင်းဝတ်ခဲ့ဖူးသည်။ဒါမှ လူပြောင်းသွားသလိုလို နဲ့လှည့်စားနိုင်မည်မဟုတ်လား။

ဒါကြောင့် မက်သရူးလည်း ထိုနည်းအတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆံပင် အစ ခြေအဆုံး ကုန်ကုန်ပြောရရင် အတွင်းခံက အစ ဆောင်းဝူဟျွန်းသည့် မတူသည့် အပြင်အဆင် အဝတ်အစားတွေကို အသုံးပြုဖို့ ရွေးချယ်လိုက်သည်။

ဆောင်းဝူဟျွန်းဝတ်နေကျ ခန္ဓာကိုယ် fitting ကျပြီး လူကြီးလူကောင်းဆန်တဲ့ အဝတ်အစားမျိုး အစား Hoodie အနက်ရောင်လေး နဲ့သက်တောင့်သက်သာ ဖြစ်စေမယ့် ဘောင်းဘီရှည်ကို ဝတ်ထားလိုက်သည်။ ဆံပင်ကိုလည်း သေသပ်ကျော့မော့ စွာ နောက်ကို သပ်တင်ထားရာကနေ ဆံပင်ကိုနဖူးပေါ် အပြည့်ချကာ မဆိုစလောက်လေးကောက်ထားလိုက်သည်။ ဆောင်းဝူဟျွန်းက သူဌေးသားဖြစ်သည့်အလျောက် နာမည်ကြီး Brand တံဆိပ်များကို အသုံးပြုတာဖြစ်လို့ နာမည်ကြီးတံဆိပ်တွေကို ရှောင်လိုက်သည်။ဒါဆို လုံးဝ ပြီးပြည့်စုံတဲ့ ပြောင်းလဲမှု တစ်ခုလို့ ထင်ကာ သူ့ဘာသာ ကျေနပ်နေမိသည်။

"အလုပ်ဖြစ်မှာပါ... အင်း...အလုပ်ဖြစ်မှာပါ...ဒီလောက်ထိ ကြိုးစားထားတာပဲ... ကြိုးစားမှုရဲ့ရလဒ်တစ်ခုခုတော့ ရလာနိုင်မှာပါ... တော်တယ်...မက်သရူး... မင်းလုပ်နိုင်မှာပါ..."

From The Other SideWhere stories live. Discover now