Ep - 11

378 63 0
                                    

"ဟာအို ဟျောင်း... ကျွန်တော်ဒီမှာ.."

Suit အဖြူရောင်နှင့် မိုးပေါ် က ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ကော်ဖီဆိုင်ထဲ ဝင်လာသည့် သူ ကို ဟန်ဘင်း လက်လှမ်းပြလိုက်သည်။

"ဆောင်းဟန်ဘင်း... ငါ အထက်တန်းတက်ကတည်းက ငါတို့ကျောင်းလာပါဆိုတော့ ခါးခါးသီးသီးဖြစ်ပြီး..အခုမှ ဘာထ ဖြစ်ပြီး ငါတို့ တက္ကသိုလ်တို့တက်မယ်ဖြစ်သွားပြန်တာလဲ.."

ကျန်းဟာအို ဆိုသည့် ကောင်လေးက စာအုပ်အထပ်လိုက်ထည့်ထားသည့် အိတ်တစ်လုံးကို သူ့ထံတိုးပေးရင်း မေးလိုက်တော့ ဟန်ဘင်း သူ့လည်ဂုတ်သူ ပွတ်ကာ ရယ်ကျဲကျဲလေးလုပ်နေသည်။

"ဟျောင်း ကလည်း အရင်က တစ်ယောက်တည်းဆိုတော့ ဘာနေနေ ကိစ္စ မရှိဘူးလေ...အခုတော့ မဖြစ်မနေ ကြိုးစားမှ ဖြစ်တော့မယ့် အကြောင်းပြချက်တွေက ပေါ်လာပြီ.."

"ဟေ...ဆောင်းဟန်ဘင်း... မင်းရည်းစားရနေတာတော့ မဟုတ်ပါဘူးနော်..."

ဟန်ဘင်း က သူ့စီနီယာ အမေးကို ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလာသည်မို့ စီနီယာကတောင် မျက်လုံးလေးပြူးကာ အံ့အားသင့်မဆုံး..။

"၅၀ ရာခိုင်နှုန်းပေါ့ ဟျောင်းရာ... နှစ်ယောက်လုံး တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ ရှိပေမယ့် အခုချက်ချင်း ကျွန်တော်ရော သူရော မတွဲနိုင်သေးဘူးလေ.. ကျွန်တော့် အခြေအနေလည်း ဟျောင်း သိတဲ့အတိုင်း .. အဲ့ဒါကြောင့် နှစ်ယောက်လုံး တက္ကသိုလ် ရောက်မှပဲ အတည်တကျ လက်တွဲဖို့ ဆုံးဖြတ်ထားကြတယ်..."

"သစ္စာဖောက်ကောင်!!.."

ဟာအို စကားကြားတော့ ဟန်ဘင်းတစ်ယောက် ခွက်ထိုးခွက်လန် မဖြစ်ရုံတမယ် ထရယ်လိုက်တာကြောင့် သူ ဟာအို ၏ သေမယ် ဆိုတဲ့ စူးရဲရဲ အကြည့်တို့ကို ရရှိလိုက်သည်။

ဟာအို ထိုသို့ ပြောလည်းပြောချင်စရာပင်...။ ဆောင်းဟန်ဘင်းနဲ့ ကျန်းဟာအိုက သိပ်ကိုတူ လွန်းသည့် အနေအထား အခြေအနေ တွေရှိကြသည်။... အရပ် ရုပ်ရည် နဲ့ မိသားစု ကေ့စ် ကအစတူနေသည်...။ ဒါကြောင့် နှစ်ယောက်သား တွေ့ဆုံတိုင်း အပူမရှာဘဲ လူပျိုကြီးလုပ်ပြီး ကမ္ဘာအနှံ့ ခရီးတွေ ပတ်ထွက်ရအောင် ဆိုပြီး ပြောလေ့ရှိတဲ့ ဟန်ဘင်းက ကောက်ခါငင်ကာ ရည်းစားရသွားတော့ ကျန်းဟာအို သစ္စာဖောက်ခံလိုက်ရတာနဲ့ အတူတူပဲမဟုတ်လား။

From The Other SideWhere stories live. Discover now