Intro

1.2K 99 3
                                    

"ဆောင်းဝူဟျွန်း  !.."

မိသားစု ထမင်းစားဝိုင်းသို့ ဒေါနဲ့မောနဲ့ ဝင်ချပြီး နာမည်တစ်ခုကို စိတ်ဆိုးမာန်ဆိုး အော်ခေါ် လိုက်တာကြောင့် မိဘ ဖြစ်ပုံရ လူနှစ်ယောက်က သူ့ ကို "ရိုင်းလိုက်လေခြင်း" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြပြီး နာမည်ပိုင်ရှင် ကာယကံရှင် ကတော့ ဝိုင် ခွက်ကို စမတ်ကျကျ ကိုင်ကာ အနည်းငယ်လှုပ်ရမ်းပြီး ဖြည်းဖြည်းခြင်း အရသာခံ သောက်နေသည်မှ အပ ဘာ တုံ့ပြန်မှုမှမပေးခဲ့။

"မင်း ကဘာမို့လို့ ငါ ကိုယ်ရေးကိုယ်တာ ကိစ္စ ကို ဝင်ပါနေရတာလဲ... မင်းနဲ့ ဘာဆိုင်လဲ..ဟမ်... မင်းအနေသာကြီးပါ.."

"ဆောင်းဟန်ဘင်း!!.. မင်း အကြီးတစ်ယောက်ဖြစ်နေပြီး ကိုယ့် ညီလေး ကို အဲ့ဒီလို ရင့်ရင့်သီးသီး စကားတွေ ပြောနေရတာလဲ... သူများ ကြားရင် မိဘ ကမသင်ပြထားဘူးလား ဖြစ်ဦးမယ်.."

အဖေ ဖြစ်သူက ဝင်ဟန့် လာသည်မို့ ဟန်ဘင်း နည်းနည်း မဲ့ပြုံး ပြုံးလိုက်မိသည်... ဒီမိသားစု မှာ သူတို့ကမှ မိသားစုပေါ့လေ..ဒီကောင်က ဘေးလူပဲ မဟုတ်လား.. ဘာကိစ္စ ပဲရှိရှိ ကိုယ့်ဘက် မှာ မရှိတဲ့ အဖေရင်းဖြစ်သူကြောင့် မိထွေး နဲ့ သူ့သား အနိုင်ကျင့် သမျှ ကို တစ်ယောက်တည်း ခါးစည်းခံနေရတာ မထူးဆန်းတော့။

"ဟန်ဘင်းဟျောင်း back dancer လုပ်တဲ့ ကိစ္စ ကျွန်တော် မပြောလဲ.. အဖေ့ နားထဲ တစ်ယောက်မဟုတ် တစ်ယောက် ပြောကြမှာပဲလေ... ဆောင်း လုပ်ငန်းစု ရဲ့ သားအကြီးက ဒီလိုလုပ်နေတာ သူများပြောမှ အဖေ သိရင် ဘယ်လောက် မျက်နှာငယ်ရမလဲ..ကျွန်တော်က ကာကွယ်ပေးသင့်တာ ကာကွယ်တာ ဘာများအမှားပါသွားလို့လဲ.."

"ဟုတ်တယ်.. ဟျွန်းလေး ပြောတာ အမှန်ပဲ... မင်းလည်း သားအကြီး ပီပီသသ နဲ့ တို့မိသားစု ဂုဏ်ကို ထိန်းပါဦးလား.."

ဆောင်းဝူဟျွန်း ပြောတာကို မိထွေးဖြစ်သူက သူ့သား ဘက်က ထောက်ခံပြီး ဟန်ဘင်းကို သာသာနဲ့နာနာ စကားနာထိုးလာသည်မို့ ဟန်ဘင်း ခံပြင်းလာသည်။

"ခင်ဗျားတို့ ဘယ်တုန်းက ဆောင်းမိသားစုဝင်ဖြစ်သွားရတာလဲ..ခင်ဗျား သား မျိုးရိုးကို ဆောင်း ပြောင်းလိုက်နိုင်လို့ ခင်ဗျား တို့က ဆောင်းမိသားစုဝင်လို့ ထင်နေတာလား...ဆောရီးပဲနော်... မယားပါ သားက မယားပါ သားပဲ.. ဘယ်တော့ မှ သားအရင်းဖြစ်လာမှာမဟုတ်ဘူး.."

From The Other SideDove le storie prendono vita. Scoprilo ora