Ep - 10

422 69 2
                                    

အဆောင်သို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံးလည်း မက်သရူး ရော ဟန်ဘင်းရော နှစ်ယောက်သား အနေရခက်တာကြောင့် တိတ်ဆိတ်စွာပင် ပြန်လာခဲ့ပြီး အဆောင်ရောက်တော့ လည်း အခန်းထဲမဝင်နိုင်သေးဘဲ..နှစ်ယောက်လုံး အဆောင်အောက်က အုတ်ခုံတွင် အချိန်အတန်ကြာ ထိုင်နေမိသည်။

သူတို့နှစ်ယောက်လုံး တစ်ယောက်ပေါ် တစ်ယောက် ခံစားချက်တွေ ရှိနေမှန်းသိနေပေမယ့်လည်း အနေရခက်တဲ့ ဒီအခြေအနေကို ဖြိုဖျက်ဖို့ ခဲယဉ်းလွန်းနေသည်။ပုံမှန်သာဆို "ကိုယ်တို့ ဒီနေ့ကစပြီး တစ်ရက်လို့.." ပြောလိုက်ရင်ဖြစ်ပေမယ့်..ဟန်ဘင်း ဘက်က ဆောင်းဝူဟျွန်း ရန်ကြောင့် ချစ်ရသူ ကိုဆုံးရှုံးမှာ ကြောက်လို့ အတွေးများနေသလို...မက်သရူး ဘက်မှာလည်း သူ့အကြောင်းပြချက်တစ်ခုခုကြောင့် တွန့်ဆုတ်နေမှန်း ဟန်ဘင်း ရိပ်စားမိသည်။

"မက်သရူး....."

တိတ်ဆိတ်မှုကို ဟန်ဘင်း ဘက်ကို စလို့ ဖြိုခွဲပစ်ကာ ခေါ်လိုက်တော့ မက်သရူးက သူ့ကို ဖျော့တော့စွာ စောင်းငဲ့ကြည့်လာသည်။ ဟန်ဘင်း မက်သရူး အနားနားတိုးကပ်ကာ ပခုံးကိုဖက်လိုက်တော့ မက်သရူးက အလိုင်သင့်လေး သူ့ရင်ခွင်ထဲ တိုးဝင်ကာ မှီလာသည်။

"ဟျောင်း.. သူများ ဆယ်ကျော်သက်အတွဲတွေ ဆို ဒီလိုအခြေအနေမျိုးဆို.. အလွယ်တကူပဲ တွဲကြစို့ လို့ ပြောလိုက်ပြီး တွဲလိုက်ကြမှာပဲ... ဟင်း... ကျွန်တော်တို့လည်း ဆယ်ကျော်သက်တွေပဲကို.. ကျွန်တော်တို့အတွက်ကြ ခက်ခဲလိုက်တာနော်.."

"ဒါဆို ဒီလိုလုပ်..ကိုယ်တို့ မက်သရူး တက္ကသိုလ် ရောက်မှ အတည်တကျ တွဲကြရအောင်.. အဲ့ဒါဆို မက်သရူး လည်း အရမ်းဝန်လေးရမှာမဟုတ်သလို..အဲ့ဒီအချိန်ဆို ကိုယ်လည်း ဝူဟျွန်းကိစ္စ ကောင်းကောင်းကိုင်တွယ်နိုင်လောက်ပြီထင်တယ်.."

ဟန်ဘင်းစကားကြောင့် မက်သရူး က ဟန်ဘင်း လက်ကို ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည်။ မက်သရူး မော့ ကြည့်တော့ ဟန်ဘင်း မျက်နှာချောချော က တည်ကြည်လေးနက်မှုတွေ အပြည့် ဖြစ်နေတာကြောင့် သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။

From The Other SideWhere stories live. Discover now