Ep - 2

567 80 3
                                    

မက်သရူး တစ်ယောက် ကျောက်ရုပ်လိုဖြစ်နေသည့် 'ဆောင်းဟန်ဘင်း' ဘေးနား လက်ယာရစ်ပတ် လမ်းလျှောက်လိုက် လက်ဝဲရစ်ပတ် လမ်းလျှောက်လိုက် လုပ်နေပြီး စိတ်လှုပ်ရှားမှုကြောင့် လက်သည်းကိုပါ ကိုက်နေသေးသည်။

"စဉ်းစားစမ်း...မက်သရူး စဉ်းစားစမ်း...အာ ..ဆောင်းဝူဟျွန်းက အစကတည်း ဗီလိန် မို့ သူ့ ကာရိုက်တာ ကို ပြောင်းလို့ မရလို့ သူ့ ကာရိုက်တာနဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ အပြုအမူ အပြောအဆိုတွေကို ဒီSystem ကလက်မခံဘူး... အဲ့ဒီလို ဆန့်ကျင်ဘက် အနေအထားပေါ်လာတိုင်း ဇာတ်ကောင်တွေက ကျောက်ရုပ်ဖြစ်သွားပြီး ဇာတ်လမ်းကို ရပ်ပစ်လိုက်တာများလား..."

မက်သရူး စကားဆုံးတော့ နားထဲ ဒင်း ဒုံ ဒင် ဆိုတဲ့ အသံလေး ထွက်ပေါ်လာတော့ မက်သရူး ပြုံးလိုက်သည်။ မှန်နေတာပဲ.. မူရင်း ကာရိုက်တာ ကနေ နည်းနည်းလေးမှ သွေဖယ်ခွင့် မရှိဘူး ဆိုတာ သူ သေသေချာချာ သဘောပေါက်သွားသည်။

"နောက်ဆုံးတော့ ဇာတ်လိုက်ခြေသလုံး မဖက်ရတော့ဘဲ.. ဇာတ်လိုက်နဲ့ သူသေ ကိုယ်သေ သတ်ခိုင်းလိုက်တာကိုး... အင်း...ရပ်တန့်နေတာထက်စာရင်တော့ တက်နိုင်သလောက်.အပေါ်တက်.. သွားကြည့်ရမှာပဲ.."

မက်သရူး သက်ပြင်းချရင်း မြက်ခင်းပေါ် ပြန်လှဲချကာ မျက်လွှာ တို့ကို မှိတ်ချလိုက်ပြီး စိတ်ထဲကနေ count down ရေတွက်နေမိသည်။

၁၀...၉... ၈... ၇... ၆... ၅... ၄... ၃.....၂.....၁ Action.!!

+++++++++

အရာအားလုံးစတင်ခြင်း အပိုင်း တစ်..........

"ဆောင်းဝူဟျွန်း... ဘောလုံးနဲ့အကန်ခံရပြန်ပြီဟေ့..."

ဝမ်းသာအားရ အော်ဟစ် သံကြီးသည် ကျောင်း အထပ်တိုင်း ရဲ့ အဆောင် အခန်းတိုင်းကို ပျံ့လွင့်နေပြီး တစ်စုံတစ်ယောက် ကမှ အပ ထိုအချင်းအရာအတွက် ဝမ်းနည်းနေသည့်ပုံမရဘဲ... အားပါးတရဖြင့် ပြတင်းပေါက်တိုင်းကနေ ခေါင်းကိုယ်စီ ပြူထွက်ကာ ကန်လိုက်သည့် လူကို ချီးကျူးထောပနာပြုနေကြသည်။

ဘယ်လို ရွံ့ရှာဖို့ကောင်းတဲ့ လောကကြီးလဲ... အထက်တန်းပထမနှစ်က ဆောင်းဟန်ဘင်း တစ်ယောက် ထို အဖြစ်အပျက်ကြောင့် လက်သီးကို ကျစ်သထက်ကျစ်‌အောင် ဆုပ်ထားနေမိသည်။

From The Other Sideजहाँ कहानियाँ रहती हैं। अभी खोजें