Ep - 5

486 64 0
                                    


နဖူးပေါ်တစ်ခုလုံးကို ဆံပင်အကောက်လေးတွေ အပြည့်ဖုံးနေတာ မျက်ခုံးတောင် သိပ်မမြင်ရတော့.. ထို ဆံပင်ကောင်လေးတွေ အဆုံးမှာတော့ မျက်တောင်မခတ်ဘဲ သူ့ အား စိုက်ကြည့်နေသည့် မျက်ဝန်းလှလှလေး...။

mask သာဖုံးမနေဘူးဆိုရင် ထိုကောင်လေးမျက်နှာကို ဟန်ဘင်း အပြည့်အစုံမြင်ရလိမ့်မည်မဟုတ်လား..ဒါက နည်းနည်း နှမြောဖို့တော့ ကောင်းသား။

ရုတ်တရက်ဆိုသလို ကောင်လေးရဲ့လက်တစ်ဖက်က အပေါ်သို့ မြှောက်တတ်လာပြီး ဟန်ဘင်းရဲ့ပါးကို လက်ညှိုးလေး နဲ့ တို့ထိ တို့ထိ လုပ်နေတော့ ဟန်ဘင်းလည်း ' ဟင်' ဆိုပြီး အသံပြုမိသွားတော့

"အားးးးးး အသက်ရှိနေတာပဲ......!!"

ဆော့မက်သရူးဆိုတဲ့ကောင်လေးက ထအော်တာကြောင့် ဟန်ဘင်းလည်း သတိလက်လွတ်ဖြစ်ကာ ထိုကောင်လေးခါးကို ဖတ်ထားရာက လွှတ်ချလိုက်မိတော့ မက်သရူး ကြမ်းပြင်ပေါ်ကို အထုတ်ကလေး ပြုတ်ကျသလို ပုံ့ပုံ့လေး ပြုတ်ကျသွားသည်။

"ဆောရီး ကိုယ် လန့်ပြီး လွတ်ချလိုက်မိတာ.. မင်းဘာဖြစ်သွားသေးလဲ.."

ဟန်ဘင်း က မက်သရူးနား ဒူးတစ်ဖက်ထောက်ထိုင်ရင်းမေးလိုက်တော့ မက်သရူး ခေါင်းကို ခပ်မြန်မြန် ခါပြလိုက်သည်။

ဆောင်းဟန်ဘင်းကတော့ သူ့ရဲ့ သတင်းတွေကြောင့် ကောင်လေး လန့်နေတာပဲဟု တွေးနေရှာပေမယ့် အမှန်တကယ် မက်သရူး ကတော့ ဘာတွေ ဘယ်လိုဖြစ်သွားတာလဲ ဆိုတာ သူ လိုက်မမီနိုင်အောင် ဖြစ်နေတာမို့ အူကြောင်ကြောင် ဖြစ်နေခြင်းပင်။

"ဟို..ဟို ကျွန်တော် သွားလိုက်ပါဦးမယ်..."

မက်သရူး ပြောပြော ဆိုဆိုနဲ့ အတင်းကုန်းရုန်းထကာ အပြေးတပိုင်းထွက်ပြီး လေး ငါး ခြောက်လှမ်း အကွာလောက်ရောက်မှ တစ်ခုခုကို သတိရကာ ဟန်ဘင်းထံ သို့ ပြန်လှည့်လာပြီး ဟန်ဘင်း လက်ထဲက ကဒ် လေးကို ဖျတ်ခနဲ့ ဆွဲယူလိုက်သည်။

"ပြန်ယူသွားပါပြီ... ကျေးဇူးတင်ပါတယ် စီနီယာ..."

ခေါင်းအနည်းငယ်ညွှန့်ပြီးသည်နှင့် လုံးလုံး လုံးလုံး နဲ့ ပြေးထွက်သွားသည့် အကောင်ပေါက်လေးကို ကြည့်ရင်း ဟန်ဘင်း ရယ်လိုက်မိသည်။

From The Other SideWhere stories live. Discover now