"မဆူပါဘူး ဆူလည်း မဆူရဲပါဘူး ကိုယ်တော်ရယ်"

သူတို့အားလုံးက သိမ်ကျောင်းရှေ့မှာ ဝိုက် ထိုင်နေကြတာ ဖြစ်သည်။ကိုးနောင် နဲ့ ခမ်းနော့ဝ် က  သိမ်ကျောင်းရှေ့က ဇီဇဝါ ပန်းတွေ အောက် ထိုင် ကာ အတင်းပြောနေသည်။

မင်းရှင်ကွန်း နဲ့ မာန်သွေးရောင်သည် မင်းကွတ်သီးနဲ့ သကြားလိုမျိူး မဆုံသင့် မဆုံထိုက်ပေ။‌

နှမပေး ယောက်ဖနေနေ အစ်ကိုပေး ယောက်ဖနေနေ
ယောက်ဖဆို ဘယ်ယောက်ဖမှ တည့်ရိုးထုံးစံမရှိ။သိဒ္ဓတ္ထ မင်းသား နဲ့ ဒေဝဒတ်တောင် တည့်ခဲ့လို့လား။

အထူးသဖြင့် မင်းရှင်ကွန်းလို ယောက်ဖမျိုး ဆို ပိုဆိုးသည်။မင်းရှင်ကွန်းသည် မင်းရှင်မော်ထက်ကို ပို၍ မောက်မာလှသည်။သို့သော် သူ့ဘဝ သူ့အခြေအနေ ကိုက ဒီလို ပုံ ဖြစ်စေသည်။ဆိုခဲ့သည့်တိုင်း မင်းရှင်မော်တို့က ချမ်းသာသည်။က‌နေဦး အမွေဆက်ခံသူ သခင်လေးသည် မင်းရှင်မော် ဖြစ်ပြီး မင်းရှင်မော်သည် အမွေ ဖြတ်ခံရသောကြောင့်  ရှိ ရှိ သမျှ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်သော အမွေ စည်းစိမ် မှန်သမျှ သည် မင်းရှင်ကွန်း တစ်ဦးတည်း လက်တွင်းသို့ သက်ဆင်းသွားလေသည်။အသက်ငယ်ငယ် ချောလိုက်တာမှ မှုန် ၊ ချမ်းသာလိုက်တာမှ လွန် ၊ဂုဏ်မောက်ချက်က အကြည့်တောင်မှ မတူ သလို မတန်သလို။သူ့ အဖွားကို ဆေးကုပေးနေတဲ့ ဆရာဝန် ခမ်းနော့ဝ် တောင် ငါ ပိုက်ဆံပေးထားရတာ မို့ ငါ အလုပ်ရှင်ဆိုတဲ့ ဒီဇိုင်းမျိုး။

မာန်သွေးရောင်က မင်းရှင်ကွန်းထက် ကို ငယ်သည်။အိမ်ရဲ့ ဂေါင် အစ်ကိုအကြီးဆုံးရဲ့ အမျိုးသားမို့ အောက်က အငယ်တွေက စီနီယာ အမှတ်စဉ်အတိုင်း လေးစားရသည်။ဒါကို မင်းရှင်ကွန်းက မကျေနပ်။

မာန်သွေးရောင်ကလည်း မင်းရှင်ကွန်း ကို သည်းမခံနိုင်။

ယောက်ဖတွေ သတ်လေသတည်း။

ချွမ်းချက်အနေနဲ့ မတည့်သော ယောက်ဖ စာရင်းတွင် ကိုးနောင်နဲ့ ခမ်းနော့ဝ် အစ်ကိုတော်တွေတော့မပါ။သူ့အစ်ကိုတော်ဘုရားများက သူ့ထက်ပင် ကိုးနောင်ကို သည်းသည်းလှုပ်သည်။ထိုနည်းတူစွာ ဆတ်နွယ်နဲ့ ခမ်းနော့ဝ်သည်လည်း လေပေးဖြောင့်သည်။ဖြောင့်ဆို ဆတ်နွယ်က စကားနည်းသည်။ဒီတော့ ကိစ္စတစ်ခုခု ရှိရင် ခမ်းနော့ဝ်ပဲ ပြောပြီး ခမ်းနော့ဝ်ပဲ ထောက်ခံ ခမ်းနော့ဝ်ပဲ ဆုံးဖြတ်ချက်ချရ၏။ဆတ်နွယ်က တော်ရုံ ဝင်ကို မပြော။

'LOTUS KILLER' {Ongoing}Opowieści tętniące życiem. Odkryj je teraz