ဇူလိုင် လထဲ မှာပင် စာမေးပွဲ ဖြေပြီး ဆယ်တန်း Section A နဲ့ B ခွဲ ပစ်လိုက်သည်။
ထုံးစံတိုင်း ခမ်းနော့ဝ် လို အသေအကြေ
ဖင်ပြဲ အောင် ကြိုးစားခဲ့ရသူက နှစ်၊
ဟို တစ်ယောက်သောသူလို ဝေလေလေ က တစ်။လောက ကြီးဟာ မတရားပါ။
ကိုးနောင် စာသေချာ ကျက်တာ ဘုရားစူး ခမ်းနော့ဝ် မမြင်ဖူးပါ။တစ်ချိန်လုံး ခမ်းနော့ဝ်ကို အလကားနေ ထိုင်ကြည့်လိုက် ဟိုငေး ဒီငေး လုပ်လိုက် နှင့် အချိန်ဖြုန်းနေလေသည်။
ဒီကြား ထဲ အဆင့်က ဘယ်လို လုပ် တစ် ရလဲ မသိ။ဟိုက်ပါကြီးက အိမ်မှာ ကြိတ်များ လုပ်နေလေသလား မသိ။
"ကိုးနောင်!"
ဆောင့် အောင့်ကာ ခေါ်လိုက်တော့ ကိုးနောင် မျက်လုံးများက သူ့ဆီ ရောက်လာသည်။
Section Aခန်းတွင် အယောက် နှစ်ဆယ် သာ ရှိပြီး တစ်ခုံ ကို နှစ်ယောက် ထိုင်ရသည်။ထုံးစံ အတိုင်း အုပ်ကြီးက ခမ်းနော့ဝ် ကို အယုံကြည်လွန်၍ ကိုးနောင်နဲ့ တစ်ခုံတည်း ထိုင်စေသည်။
"ပြောလေ. . . ခေါ်ပြီး ဘာမှ လည်း မပြောဘူး. . ."
"မင်း ဘယ်ချိန် စာကျက်လဲ . . ."
"ခု ကျက်နေတာပဲလေ . . ."
ကိုးနောင်က ခမ်းနော့ဝ်ကျက်နေသော မြန်မာစာ ခက်ဆစ်တွေ ကို ညွှန်ပြသည်။
"ဟမ်. . .အာ့တာ ငါ ကျက်နေတာလေ. . ."
"မင်းကျက်နေတာ အကျယ်ကြီးပဲလေ ငါ နားထောင်ရင်း အလွတ်ရသွားပြီ. . ."
"ငါမေးတာ မင်း စာ ဘယ်ချိန်လုပ်လဲ . . . မင်း စာ လုပ်တာ မတွေ့ပါဘူး . . ."
"စာအုပ်ကို ကြည့်ပြီး နှုတ်တိုက်ကျက် တွက် နေမှ စာ လုပ်တာ မဟုတ်ပါဘူး. . ."
ကိုးနောင် က ပြောရင်း ဆိုရင်းပင် ခုံပေါ် လက်တစ်ဖက် ခုကာ ခေါင်းလှဲ ချလိုက်သည်။နောက် လက်တစ်ဖက်ကို ခမ်းနော့ဝ် ပေါင်ပေါ် လာတင်ပြီး လက်ချောင်းလေးများက ပုဆိုးစ ကို ဆုပ်လိုက် ဖြန့်လိုက် နှင့် အလကားနေ လက်ဆော့နေသည်။
ကိုးနောင်ရဲ့ ပဟေဠိ ဆန်လှသော စကားကို သူ ကြာကြာ မစဉ်းစားမနေနိုင်ပါ။ကျက်စရာ ရှိတာ မြန်မြန် ကျက်ရမည်။
YOU ARE READING
'LOTUS KILLER' {Ongoing}
Horrorအမှောင် အောက်က ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်းစာတွေ ထဲ က ဟိုးလေးတကျော်ကျော် နာမည်ကြီး serial killerဟာ သူ့ ဘေးနားမှာ အိပ်နေတဲ့ သူ ချစ်သောအမျိုးသား...