PART 25❣️(U/Z)

6K 130 0
                                    

PART 25❣️

  ငပလီ မြပတ္တမြားဥယျာဉ် ပေါင်ဝန်တံတားမှာ လူငယ်တစ်စုတို့က ရောက်လေရာအရပ်မှာ ဓါတ်ဖမ်းနေကြသည့်ကြားတွင် အတွဲတစ်တွဲက သဲသဲကဲကဲဖြစ်နေ‌သလောက် တစ်ယောက်သောသူဟာ မှုန်ကုတ်ကုတ်နဲ့ဖြစ်နေပြီး နောက်ဆုံးမှလိုက်လာနေပုံက ချစ်စရာတော့ကောင်းသား။

  အရှေ့ကသဲသဲကဲကဲအတွဲ အာဒံနဲ့ဧဝကိုကြည့်ရင်း ကို့ကိုယ်ကိုပိုပြီးစိတ်တိုရသည်။

'သမ္မတ'ထက်အလုပ်များနေတဲ့သူကို ချစ်သူတော်ထားရတာမို့လား တစ်ချိန်လုံးအလုပ်ပဲလုပ်နိုင်လွန်းတယ်....

"ဦးမောင် ငါတို့လင်မယားကို ဓါတ်ပုံခဏရိုက်ပေးကွာ"

"မင်း လက်ပါတယ်မဟုတ်လား ကိုယ့်ဟာကိုယ်ရိုက်"

ပလက်စတစ်ခွက်နဲ့ကော်ဖီအေးအေးလေးကိုပိုက်နဲ့စုပ်ယူသောက်၍ ဘုကြည့်ကြည့်နဲ့ဖြေ၏။

မျက်စောင်းထိုးပြီး သူတို့နှစ်ယောက်အရှေ့ကနေ ဖြတ်သွားတာကြောင့်အမြင်ကပ်စွာ.....

"မင်းကို မင်းဘဲကြီး ပလစ်နေပြီလားကွ"

"လိကိုပလစ်... မအားလို့ ငါ့အတွက်အလုပ်ကြိုးစားနေလို့ ဒီအရေမရအဖက်မရတဲ့နေရာကိုမလာတာ ရှင်းလား"

ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောလို့ရရင်ပြီးရောဟု ပြောပြီး အမြန်လစ်ထွက်လာ၏။

ဒီဘဲကြီးမအားရင်လည်း မလာပါနဲ့လား အခုတော့ သူများအတွဲကို အားကျပြီး ထိုင်ကြည့်နေရတဲ့အဖြစ်။

ဒါလား ပြောတော့ မင်းကြိုက်သလောက်ပူစာ မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုတာ... ဟာသပဲ ကိုနေမီးပုံရေ....

"ဦးမောင် လာ Groupလိုက် ရိုက်ရအောင်"

  သက္ကကဦးဆောင်ပြီး ဆယ်ဖီဆွဲလျှင် Coupleတွေအစား ဒီFAတွေနဲ့ တွဲရိုက်တာကမှ ပိုကောင်းအုံးမယ်ဟု...

လျှောက်လည်ပြီးမှ ဟိုတယ်ကိုပြန်သွားလျှင် သက္ကက...

"ငါဗိုက်ဆာနေတယ် Road sideဘက်မှာ နာမည်ကြီးတဲ့ Seafoodဆိုင်တစ်ဆိုင်တွေ့ထားတယ်"

"လုပ်ကွာ ငါတို့လည်းဆာနေပြီ"

အကုန်လုံးဗိုက်ဆာနေပြီသဖြင့် ဆိုင်တစ်ဆိုင်ထဲကို ဝင်သွားလျှင် နှိုင်းက....

ချစ်မှရမယ် (Complete)Where stories live. Discover now