PART 12❣️(U/Z)

5.5K 163 6
                                    


PART 12❣️

  မနက်အစောကြီးထဲက ရေချိုးခန်းထဲဝင်သွားသည့် မေဦးမောင်က အခုထိ အပြင်မထွက်လာသေးကြောင့် သူလည်းဘာလုပ်ရမှန်းမသိဖြစ်‌နေ၏။

ခဏနေ သူကုပ္မဏီသို့သွားရန် ရေချိုးရအုံးမှာကို ဦးမောင်ကြောင့်နဲ့ အချိန်ကုန်ခမ်းနေပြီ....

ရေချိုးသံလည်းမကြားရသဖြင့်...

"ဦးမောင် မင်းရေချိုးနေလား"

သူတံခါးကိုကြမ်းကြမ်းထု၍ အသံပေး၏။ ဘာလို့လည်းဆို Hearing_aidမပါဘဲ အထဲဝင်သွားတာလဲဖြစ်နိုင်တာမို့လို့ပဲ။

"ကိုနေမီးလား"

"အေး မင်းနဲ့ငါ နှစ်ယောက်ထဲရှိတာကို ဘယ်သူ့ကို မျှော်နေသေးလဲ"

"ခင်ဗျားပြောတာ ကျွန်တော်မကြားရဘူး ဖြစ်နိုင်မယ်ဆို ကျွန်တော့်Hearing_sidကို တစ်ချက်ယူပေးလို့ရမလားဗျာ လွယ်အိတ်ရဲ့ဇစ်အသေးဆုံးနေရာမှာထည့်ထားတာ"

ထင်တဲ့အတိုင်းပဲ။

ဒီလောက်ကြာအောင် အထဲမှာဘာထိုင်လုပ်နေတာဘာလိမ့် ဖုန်းသုံးနေတာများလား...

သူ့အခန်းကိုပေးထားသဖြင့် အခန်းထဲဝင်သွားလျှင် ဦးမောင်တို့ဟာ တကယ့်ကိုစည်းကမ်းရှိစွာ အိပ်ထားသည်ပဲ စောင်ကကြမ်းပြင်မှာအပုံလိုက်။

  ဖြစ်သလိုတင်ထား‌သောကုတင်ပေါ်က ကျောပိုးအိတ်ကို ကောက်ကိုင်ပြီး ဇစ်ဖွင့်နေစဉ် သူ့ဘေးက မြင်ကွင်းတစ်ခုကွက်ခနဲ့ပေါ်လာလျှင် မျက်နှာပူသွား၏။ ကဆလးက မိန်းကလေးကိစ္စဖြစ်နေတာပဲ။

  Hearing-aidအပြင် ဦးမောင်လိုအပ်မည့်ဟာကို အိတ်မွှေရှာပြီးမတွေ့သဖြင့် ဘာကြောင့်ကြာနေလဲဆိုတာကို သဘောပေါက်လာသည်။ သူ့မှာ မားနဲ့ ကိုကိုလေးနှစ်ယောက်ကြောင့် ကျေးဇူးတင်ရမည်။

  ဦးမောင်ဆီအမြန်ပြန်သွားရကာ တံခါးခေါက်လိုက်လျှင် မျက်နှာငယ်လေးနဲ့ အသာလေးဟပြီး လက်လေးထွက်ရုံ လက်ဖြန့်ထားပြီး သူ့ဆီက Hearing_aidကို တောင်းနေပုံကြောင့် လက်ပေါ်တင်ပေးရင်းနှင့် ထိုလက်ကိုဆုပ်ကိုင်ကာ အကြည့်ချင်းဆုံလာလျှင်......

ချစ်မှရမယ် (Complete)Unde poveștirile trăiesc. Descoperă acum