PART 20❣️(U/Z)

6K 138 0
                                    

PART 20❣️

“ ကျွန်တော်မသိဘဲနဲ့ ကျွန်တော့်ကို ကိုနေမီးနဲ့သဘောတူထားတယ်ဆို”

“ အေး ဟုတ်တယ်"

“ဘယ်သူက ယူမယ်လို့ပြောလို့လဲ”

   ရောက်လာတာနဲ့ လွယ်အိတ်မချရသေးဘဲ တန်းမေးလိုက်တဲ့စကားက ဦး‌ကျော်ဇင်‌မောင်၏မြေးအစစ် ပီပပါ၏၊ ထိုသို့ ယဉ်ကျေးပါ၏။

“ဘယ်သူကများ  ယဉ်သူမျိုးနေရာမှ အစားထိုးခံမယ်ပြောလို့လဲ”

“ငါ့သဘောနဲ့ငါအစားထိုးနေတာလည်း မဟုတ်ဘူး နေမီးပုံကိုယ်တိုင်မင်းကို မရရင် မဖြစ်ဘူးဆိုပြီး သူတို့မြေးအဖွားလာပြောလို့ မင်းစိတ်ကြိုက် မင်းသဘောလို့ ငါပြောခဲ့ပြီးသား...

  ပြီးတော့ မင်းကမိန်းကလေး... မိန်းကလေးဆိုတာ မိန်းကလေးလိုနေရပြီး အသက်အရွယ်တစ်ခုရောက်ရင် အိမ်ထောင်ပြု သားမွေးရမယ့် ဝတ္တရားတစ်ခုက သူ့အလိုလိုပါလာတဲ့ ပဉာက်ပဲ။ မင်းရဲ့မာမီစကားတစ်ခွန်းနဲ့ မင်းကိုယ်မင်းအတင်းသန်မာချင်ယောင်ဆောင်နေတာတွေ ငါမမြင်ချင်တော့ဘူး မေဦးမောင်”

“ဒုန်း”

“ဒုန်း”

“ဒုန်း”

  နံရံကို ထိုးဖောက်ဝင်ရောက်သွားသော လက်တီးချက်တို့....

“ဘယ်သူက သန်မာချင်ယောင်ဆောင်နေလို့လဲ ဟမ်"

   သူ့လက်ကိုယ်သူ နံရံပေါ်သို့ အဆက်မပျက်ထိုးချနေသည်ကို ဦးကျော်ဇင်မောင်မှာအံ့ဩနေပေမယ့် ဒီအတိုင်းကြောင်ကြည့်နေမိ၏။

“ဘယ်သူ့ကိုလာပြီး ပြောင်းပြန်တွေလာပြောနေလဲ ခင်ဗျားကိုယ်တိုင် ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာပါ။ ခင်ဗျားသားကို သေအောင်လုပ်ခဲ့မိလို့ ပစ်ပယ်ထားခဲ့တယ်မဟုတ်လား.....

   အရွယ်နဲ့မမျှတဲ့စကားလုံးတွေကို ရင်ဘက်ထဲကိုရော  ဦးနှောက်ထဲကိုပါ လက်ဆောင်ထည့်ပေးခဲ့ကြတာ ခင်ဗျားတို့မဟုတ်ဘူးလား....

   ဖေဖေသေသွားတဲ့အနားမှာရှိတဲ့ကျွန်တော့်ကို  ကျွန်တော့်နားမှာ ကျွန်တော့်ကို နှစ်သိမ့်ပေးမယ့်လူမရှိဘူး။ ကျွန်တော့်ကို ဖေးမပေးမယ့်လူမရှိခဲ့ဘူး။အသက်အရွယ်ရှိပြီးဆင်ခြင်ဉာဏ်ရှိတဲ့ ခင်ဗျားတို့က ကျွန်တော့်ကို ဘာလို့အတူမသေသွားဘဲ အသက်ရှင်ကျန်နေခဲ့လဲဆိုတဲ့ အကြည့်တွေနဲ့ကြည့်ခဲ့တာ အခုထိမမေ့သေးဘူး ဒါကိုများသန်မာချင်ယောင်ဆောင်ခဲ့တယ်လို့ မစာမနာပြောတတ်တယ်နော် "

ချစ်မှရမယ် (Complete)Where stories live. Discover now