PART 14❣️
“ရှိတယ်"
“ရှိတယ်ဆိုပြောလေ"
“ကိုကိုပြောပြရင် ကိုကို့ယက ကိုကို့နေမီးကို မပြောပြရဘူးနော်"
“ပြောပါဆို ကိုသိမှဖြစ်မယ် ဒါမှဒီကောင်ရဲ့ အားနည်းချက်ကိုကိုင်ပေါက်ပြီး ရောက်လေရာအရပ်မှာ မင်းအစ်ကိုကိုအနိုင်ယူရမယ်၊ ငါ့အလှည့်တုန်းက အတော်ခံလိုက်ရတာ"
“ကြည့် စိတ်ပုပ်ပြီး "
“ပြောပါဆိုနေ မိန်းမကလည်း”
သူ့ပေါင်ပေါ်ထိုင်နေသော သူ့မိန်းမ၏လည်တိုင်ပေါ်အနမ်းတွေဖြန့်ကျက်နေရင်းနဲ့ နေမီးနဲ့ ဦးမောင်ကြားက လျှို့ဝှက်ချက်ကို သိချင်နေကြ၏။
ကျန်တဲ့ကောင်ဆို စိတ်ဝင်စားလား မဝင်စားလားဆို အပ်ကျသံတောင်မကြားဘူး အသံတိတ်ချက်နဲ့ သစ်ကုလားအုတ်လည်ပင်တွေနဲ့.....
နေမီးက တစ်ချိန်လုံးရုပ်တည်နဲ့ နေသောကြောင့် အားနည်းချက်မရှိဘူးထင်နေတာ ကိုကိုက မေဦးမောင်နဲ့နေမီးကြားမှာ တစ်ခုခုရှိတယ်ပြောလာသောအခါ သိချင်စိတ်တွေက ဟန်မဆောင်နိုင်။
“မောင်ရဲ့ အချစ်ဦးက ကိုကြီးလေ"
“ဟေ.....ဘယ်လို သူကမိန်းကလေးတွေကိုပဲ ကြိုက်တာမဟုတ်ဘူးလား"
အကုန်လုံးက အာမေဋိတ်တွေသံတွေထွက်လာလျှင် ကိုကိုမှာ ရယ်နေမိ၏။
“မဟုတ်ပါဘူး ကိုကိုမှတ်မိသေးတယ် ငယ်ငယ်တုန်းက လေးတန်းတုန်းကလားပဲ... ကိုကို့ဆီကို ကိုကြီးလာပြီး စာအုပ်အသစ်လာပေးတုန်းက ကိုကို့ဘေးမှာ ဦးမောင်ရှိတယ်လေ.... ကိုကို့ရဲ့ အစ်ကိုမှန်းသိသွားတဲ့နေ့ကစပြီး ဦးမောင်ကကိုကြီးရှိတဲ့ အတန်းမှာ သွားသွားချောင်းနေလို့ အတန်းပိုင်တီချယ်နဲ့အဆူခံထိသေးတယ်။ ကလေးပဲရှိသေးတာကို အတန်းကြီးဘက်သွားလို့ဆိုပြီးတော့”
“အဲ့လိုတွေရှိခဲ့တာလား ဒါကို နေမီးမသိဘူးလား မိန်းမ"
“မသိဘူး ကိုကြီးက ရန်ကုန်ရောက်သွားပြီး မကြာဘူးဦးမောင်နဲ့သူ့အဖေ အက်စီးဒန့်ဖြစ်သွားတဲ့နောက် ဦးမောင်စပြီးပြောင်းလဲသွားတာပဲလေ"
YOU ARE READING
ချစ်မှရမယ် (Complete)
Romance"ငါမင်းကို ချစ်တယ် ဦးမောင်...... မင်းကို ချစ်ရဖို့ ငါအများကြီး စတေးဖို့ စွန့်စားဖို့လုပ်ထားတာ....မင်းငါ့ကို နာကျင်အောင် လုပ်ပြီးတော့မှ ကျေနပ်မှာလားဟမ်" နေမီးပုံ "ကိုနေမီး ခင်ဗျားကို ကျွန်တော်ရင်မခုန်နိုင်သေးဘူး ဒါပေမယ့် ချစ်မှရမယ်ဆိုတော့လဲ ချစ်ကြည...