PART16❣️(U/Z)

5.7K 140 9
                                    

PART 16❣️

နှိုင်းတစ်ညအိပ်ပြီးမှ မန္တလေးကိုပြန်သွားရပြီး ဦးမောင်ကိုတော့ သူတို့မိသားစုကဆက်ခေါ်ထား၏။

နေမီးသည် ညနေတုန်းက မားနဲ့ဖိုးဖိုးတို့ ဖုန်းဆက်ပြောသံကိုလဲည်းသူကြားခဲ့ရသည်။

  မားက ဦးမောင်ကို သူတို့စောင့်ရှောက်ထားပြီး သူတို့မိသားစုနဲ့ကလေးဟာ တဖြည်းဖြည်းနဲ့နေသားကျလာမှ လာပြန်ပို့ပေးပြီး ကလေးကိုတောင်းရမ်းမယ့်အကြောင်းတို့ကိုပြောနေကြ၏။

"ခွီ...ခွီ...ခင်ဗျားဟာကလည်း ပြောင်းပြန်ကြီး"

“ဟမ်  ဘယ်တုန်းကရောက်နေလဲ"

  အိမ်ထဲရှိ ရုံးခန်းမှာ အလုပ်လုပ်နေရင်းနဲ့ အတွေးများနေစဉ် ဦးမောင်ဝင်လာတာကိုတောင်မသိလိုက်။ဦးမောင်ပြောမှ သူ့လက်ထဲက စာရွက်ကိုကြည့်လိုက်တော့မှတကယ်အဟုတ် ပြောင်းပြန်ဖြစ်နေသောကြောင့် အရှက်ပြေမသိချင်ယောင်ဆောင်ရင်း.....

" ညဉ့်နက်နေပြီ.... မအိပ်သေးဘူးလား"

"ဟီး"

  အချိန်က ည11နာရီရှိနေပြီး တစ်အိမ်လုံးတိတ်ဆိတ်၍အိပ်နေ‌သည်ကို မအိပ်သေးတဲ့ ကလေးကို အရှက်ပြေဆူမိပေမယ့် အကြောတင်းလေးက ဒါကိုဘာမှမဟုတ်သလိုလုပ်နေပြီး သူ့စားပွဲပေါ်လွှားခနဲ့ခုံတတ်သွား၏။ ပြုံးဖြီးနေသောမျက်နှာကြောင့် တစ်ခုခုလိုချင်နေသည့်ရုပ်နှင့်ရှိသဖြင့် အိမ်ရှင်ရဲ့တာဝန်က.....

"ဘာလိုချင်လို့ ဗိုက်ဆာလို့လား"

"ဟင့်အင်း.... ချစ်ပြောတယ် ခင်ဗျားကားပြိုင်ပွဲတွေလည်း ဝင်ပြိုင်တတ်တယ်ဆို"

"အဲ့ဒါအရင်ကပါ ကိုမလုပ်တာကြာပြီ ဘာဖြစ်လို့သိချင်‌နေလဲ.... ဘာလို့လဲ ကို့အကြောင်းကိုစိတ်ဝင်စားလာပြီဆိုတော့ မင်းကို့ကိုချစ်သွားပြီလား ပြော"

"ဘာမှလည်းမဆိုင်ဘူး..... ကျွန်တော် ဆိုင်ကယ်မမောင်းရတာကြာတော့ တစ်ခုခုလုပ်ချင်နေလို့ လက်ကလည်းအားနေတော့"

"ဆိုတော့ကာ ငါနဲ့အခုအပြင်သွားဖို့ လာခေါ်တယ်ဆိုပါတော့"

"ဟီးဟီး"

ချစ်မှရမယ် (Complete)Место, где живут истории. Откройте их для себя