PART 22❣️(U/Z)

5.7K 131 1
                                    

PART 22❣️

ကိုနေမီးတို့ပိုင်သည့် Phoenixဟိုတယ်ကို သူခေါ်လို့အဖော်လိုက်ပေးရပြီး သူက သူ့အလုပ်ကိုယ်သူလုပ်နေပြီး ကိုယ်ကအားယားနေသဖြင့် ဘားဘက်နဲ့တွဲထားသည့်ရေကူးဘက်ကိုတစ်ယောက်ထဲလျှောက်လာမိသည်။

"ရှူး......ဟိတ်"

နာနတ်သီးပုံပါသည့်ဘီကီနီနဲ့ကောင်မလေးက သူ့ကို ခေါ်ပြီးမျက်လုံးမှိတ်ပြရင်း ရေထဲကို ဒိုင်းပင်ထိုးဆင်းသွားလျှင် ပြုံး၍ခေါင်းခါလိုက်၏။

အရင်လိုတောင် သူရင်မခုန်တော့သလို စိတ်ထဲမှာလည်း ဘာမှမရှိနေ။

  ဟိုလူကသူ့အလုပ်နဲ့ကကြာအုံးမည်မို့ ဘားထဲမှာ AK-47ဆိုတဲ့ ကော့တေးကိုသောက်ချင်စိတ်ကပြင်းပြနေသဖြင့် တစ်ခွက်မှာပြီး ရေကူးကန်ဘက်အခြမ်းကိုမျက်နှာမူလိုက်ရင်း ပတ်ဝန်းကျင်ကို ရှူစားကြည့်နေ၏။

" ဟိတ် ယူက ဒေစီလင်းမော်ရဲ့ Exဟုတ်တယ်မလား"

သူ့ဘေးနားကို ထိုနာနတ်သီးရောက်ချလာပြီး တဘက်တစ်ထည်ကို ဆက်စီကျကျခါးမှာပတ်လိုက်ရင်းဝင်ထိုင်တာကို ငြိမ်ကြည့်နေလိုက်၏။

ဒေစီလင်းမော်တဲ့... ဘယ်သူတုန်းဟ...

Exဆိုတာ သူတစ်ယောက်ထဲမဟုတ်သဖြင့် ခေါင်းထဲကနေထွက်မလာ။

"ဆိုပါတော့"

ချောလဲရောထိုင်လုပ်ကာ ဒီအချိန်မှာ မမှတ်မိတဲ့ Exကိုကျေးဇူးတင်သွား၏။

ဒီတစ်ယောက် Exဆိုတဲ့တစ်ယောက်ထက် ပိုချောမှာပိုလှမှာ ကြိမ်းသေနေတာက ရင်ဘက်ထဲကသစ္စာစကားပါ။

နေနေ...ကိုနေမီးက အချောဆုံး....

"ယူ့ဆီမှာ တို့သိချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်"

သူ့ကိုစိတ်ဝင်စားနေလို့ ရေမြောင်းဖောက်နေတာဟုထင်လိုက်ပြီး ကျေနပ်နေပေမယ့်လည်း ရင်ခုန်မနေပါ။

"ကိုသိရင် မင်းကိုပြောပြမယ် ပြောပါအုံး ဘာအကြောင်းလဲ"

"စောစောက ယူနဲ့အတူတူဝင်လာတဲ့ ဒီPhoenixက ကိုနေမီးပုံမလား တို့ သူ့လက်ရှိတွဲနေတဲ့‌ကောင်မလေးရှိလား မရှိဘူးလားဆိုတာ သိချင်တယ်"

ချစ်မှရမယ် (Complete)Where stories live. Discover now