PART 18❣️(U/Z)

5.4K 135 3
                                    

PART 18❣️

အခုဆို သူ့အိမ်မှာဦးမောင်ဟာ တဖြည်းဖြည်းနဲ့နေသားကျလာကာ တစ်အိမ်လုံးက လူတွေအကုန်လုံးကိုကပ်ချွဲတတ်နေပြီ...

   အရင်လိုရိုင်းစိုင်းပြီး ယောက်ျားဆန်သော ဦးမောင်မဟုတ်တော့ဘဲ လိမ္မာပြီးနူးညံ့နေတဲ့ မေဦးမောင်ဖြစ်နေပါပြီ....

စတိုင်ကတော့ အခုထိပြောင်းလဲပေးဖို့ကမဖြစ်နိုင်သေး။
ထမင်းစားရင်တောင် မားနဲ့က အမေနဲ့သမီးကျနေတာပဲ အပေးအယူမျှတယ်ဆိုတာ.... သူဦးချ ကိုယ်ဦးချနဲ့ ကြားထဲက သူ့ကိုပါပလစ်ထားကြသေး၏။

သူက အပိုင်သိမ်းဖို့ကြိုးစားနေတဲ့လူပါ။ မားတို့က သမီး သမီးနဲ့ မောင်ပိုင်စီးထားတာကအရင်။

အခုဆို သင်းလေးက ညဘက်ဆိုညစာတစ်ခုထဲနဲ့မလုံလောက်တော့ဘူး။

   အပြင်သွားချင်တယ် အပြင်သွားချင်တယ်ဟု ညဘက်ကိုပဲ ပူဆာတတ်တော့သည်။ ဟုတ်တာပေါ့ ညဘက်ပဲ ‌ဆိုင်ကယ်မောင်းလို့အဆင်ပြေတာကိုး။ အခုလည်း အလိုတော်ကျ လိုက်ပို့ပေးရသေးသည်။

ဟေ...

  လက်နှစ်ဖက်က လက်ကိုင်ကိုလွှတ်ပြီး ပေါ့ပေါ့ပါးပါးစီးနေပုံကြောင့်လူက စိုးရိမ်သွားရ၏။

“တအားမလုပ်နဲ့ ကလေး”

“ရပါတယ်ဗျ”

သူ့အနားကနေ လိုက်မောင်းရတာလည်း စိတ်ပူရသေးလို့ လူလည်းအသက်တိုတော့မည်။

ညဘက်ခိုးထွက်ရတဲ့ဖီလင်က ကြည်နူးစရာတော့ကောင်းသား....

လမ်းဘေးတစ်နေရာကို သူရပ်လိုက်လျှင် ဘာကြောင့်ရပ်လဲဟု သိချင်နေသောသူမက အမြန်ကွေ့ကာ သူ့အနားမှာလာကပ်ရပ်၍....

“ဘာဖြစ်လို့လဲ"

“ဖုန်းလာနေလို့ ခဏလေး”

  ကလေးနားမှာ ဖုန်းပြောလို့မအဆင်မပြေသဖြင့် ခပ်လှမ်းလှမ်းလေးကိုလျှောက်သွားလျှင် ကလေးက သူ့ကိုလှမ်းကြည့်နေကာ မလုံမလဲ့ဖြစ်သွားပေမယ့် ပြုံးပြလိုက်၏။

ထိုနောက်တစ်ဖက်ကဖုန်းကြောင့် သူ့မျက်နှာတည်သွားလျှင် ခေါင်းညိတ်လိုက်၏။

ချစ်မှရမယ် (Complete)Where stories live. Discover now