PART 19❣️(U/Z)

5.4K 135 7
                                    

PART 19❣️

"ကလေး"

ကိုနေမီးအသံကြားလျှင် တွေးလက်စအတွေးတွေက ပျောက်ကွယ်ကုန်၏။ ဒီဘဲရဲ့စွမ်းအားတွေလည်းကြီးပ။

သူနဲ့တွေ့စကလို ဂျစ်ကန်ကန်အငွေ့အသက်ရနေသော ပုံရိပ်တို့ပေါ်နေသည့်အမူအရာကြောင့် သူမဘေးနားလာရပ်ပြီး တစ်ဖက်ကိုလှည့်နေသောမျက်နှာလေးကို လိုက်ကြည့်နေမိ၏။

စီးကရက်ကိုဟန်ပါပါရှိုက်ပြီး မေးလေးမော့ပြီး ရှူထုတ်လိုက်သောအငွေ့တို့ကိုလည်း အသံတိတ်ကြည့်နေသဖြင့်ဦးမောင်တစ်ခုခုကို ခံစားနေမှန်းသိပေမယ့် ဘာကြောင့်ဆိုတာတွေးလို့ကြည့်လိုက်လျှင် ကလေးဟာ မိသားစုဆိုတဲ့အငွေ့အသက်နဲ့ဝေးခဲ့တာကို တမ်းတနေမယ်မှန်းသိလိုက်၏။

"ဘာလို့ ဆေးလိပ်သောက်နေလဲကွာ...... ဟင်သကြားလုံးငုံထားမလား"

"အင်"

အသင့်ယူလာပေးသော သကြားလုံးကို ဖောက်ပေးပြီး စီးကရက်ကိုယူကာ အစားထိုး၍လျှာဖျားပေါ်တင်ပေးလိုက်လျှင် အမူအရာလေးပြောင်းလာပြီးမှ မျက်နှာကကြည်လင်လာ၏။

"စောစောကအနေရခက်လို့လား"

  ကြည်လင်ပြုစစိတ်နဲ့မို့ သူ့ပေါင်ပေါ်တင်ပေးပြီး ဦးမောင်၏ပခုံးပေါ် မေးဖျားတင်၍ သူမလက်ကို သူ့လက်နဲ့သိုင်းယှက်ဆုပ်ထားလိုက်ပြီး လည်ပင်းတစ်လျှောက်ကို မွှေးကြူလျှင် သူမကအသံတိတ်သဘောကျနေသဖြင့် သူကြောင်ကလေးတစ်ကောင်လို တိုးဝှေ့၍.....

"ကို့ကိုမချစ်သေးဘူးလား"

"ဟမ်"

"မင်းယတုန်းကဆို ကိုကိုလေးဘက်ကအရင်ဆုံး ရည်စားစကားတစ်ခါပဲပြောခဲ့တာ ကို့အလှည့်ကျ နေ့တိုင်းပြောနေလည်း ဘာမှလည်းမထူးလာဘူး၊ စိတ်ဓါတ်တောင်ကျချင်လာပြီ"

"တစ်ခါရည်စားစကားအပြောခံရင် တစ်ခါပြန်ချစ်ရမယ်ဆို ခင်ဗျားနဲ့တောင် ကျွန်တော်တွေ့ရမှာမဟုတ်ဘူး ဘာမှတ်နေလဲ ကျွန်တော်ကအရမ်းစွံခဲ့တာနော်"

"ဟုတ်ပါတယ် မင်းနားမှာ မင်းကိုခယနေတဲ့ကောင်မလေးတွေပေါမှန်းသိပါတယ်"

ချစ်မှရမယ် (Complete)Where stories live. Discover now