011

1K 138 5
                                    

' ရှီး .... အေးလိုက်တာ '

ကျောင်းရဲ့အသွားလမ်းက အပြန်
လမ်းထက် ပိုတိတ်ဆိတ်နေတဲ့
အချိန် ဟန်ဘင်း တစ်စုံတစ်ယောက်
ကို သွားသတိရမိသည် ၊ အိမ်ပြန်
ချိန်တွေမှာ ကပ်ရပ်ကလေးရှိနေ
ခဲ့တဲ့ Converse တစ်ရံလေးက
သူနဲ့အတူ ထပ်တူကျတဲ့ အချိန်
ဘယ်လောက်ထိ ရင်ခုန်စရာကောင်း
လေသလဲ ။

ယခုများတော့ တစ်ကိုယ်တော်
စီးရီးလေးနဲ့ အတူ အုံ့ဆိုင်းနေ
တဲ့ကောင်းကင်အောက်မှာ ပတ်
ဝန်းကျင်က ဆူညံသံတွေကို
ဘေးချရင်း နားကြပ်လေးတပ်ပြီး
ကျောင်းဆီသို့သာ ဦးတည်ခဲ့ရ
သည်လေ ။

ဖြတ်ခနဲ ခံစားလိုက်ရတဲ့ အေး
စက်စက် အထိအတွေ့က
လည်ပင်းထဲ တိုးဝင်လာတဲ့အခါ
ဟန်ဘင်း မလန့်ပဲပင်မနေနိုင်
တော့ ၊ ကြည့်မိချိန်မှာတော့
တရားခံဟာ Zerocolaဗူးနဲ့
သူ့ကို ခြောက်လှန့်လိုက်ခြင်းလို့ပဲ
ယူဆရတော့မည် ။

' ရော့ ယူလိုက်! မနက်ခင်း
လန်းလန်းဆန်းဆန်းလေးဖြစ်
သွားအောင် '

လန်းဆန်းသည် ၊ Zerocolaဗူး
ယူလိုက်မှမဟုတ်ဘဲ မျှော်လင့်
ခြင်းတရားလေးရဲ့ အသံလေး
လွင့်ပျယ်လာတဲ့ အခိုက်မှာတစ်
နေ့တာဟာ ပြည့်စုံရပါသည် ၊
ကမ်းဝင့်လာတဲ့ Zerocola ဗူးလေး
ကိုမယူခင် ထိုကောင်လေးကို
ကြည့်မိလေတော့ ရှုပ်ပွနေတဲ့ဆံပင်
တွေသာ ဟန်ဘင်းတွေ့လိုက်ရ
သည် ၊ ရှုပ်ပွသည်ဆိုတာထက်
ခွဲကြောင်းလေးကို ကျော်လွန်
ကာ ထောင်ထွက်နေတဲ့ ဆံပင်
လေးတစ်စုက ခေါင်းလုံးလုံးမှာ
ပေါက်နေတဲ့ ပဲစေ့အညှောင့်လေးလို ။

ဟန်ဘင်း အသဲယားခြင်းအမှုကို
မထိန်းချုပ်နိုင်တဲ့ အဆုံး ခွီခနဲ
ထရီမိရင်း ထိုဆံပင်လေးကို
လက်ညိုးလေးနဲ့ အသာလေး
တစ်ဖက်အား တွန်းပို့လိုက်ရသည် ၊
သူ၏ လက်သွားရာကို လိုက်မော့
ကြည့်နေတဲ့ မျက်လုံးလေးတွေ
ကတော့ စူးစမ်းချင်သည့်ပုံ ။

' ဆံပင်မှာ ဝိတ် သိပ်မရှိဘူး
ထင်တယ် ထိုးထိုးထောင်ထောင်
တွေတောင်ဖြစ်‌လို့ '

' ဆံသား၏ကောင်းခြင်းနဲ့ ပြည့်
စုံတာပါ ... '

' အဲဒီ့စကားက မိန်းကလေးတွေ
အတွက်ပဲ သင့်လျော်တာမလား
ယောကျာ်းလေး တစ်ယောက်က
လိုတာထက်ပိုနူးညံ့ရင် ဘာဖြစ်တတ်
လဲသိလား '

Re-Love : BinHaoTempat cerita menjadi hidup. Temukan sekarang