07

1.4K 201 11
                                    


' ဟန်ဘင်း! ဟန်ဘင်း ငါဖျော်ဖြေပွဲ
အတွက်အရွေးခံရပြီ '

ဒီနေ့ဟာ တနဂ်နွေ ။
အချိန်ပိုင်းအလုပ်ရောကျောင်းပါ
နားသည့်ရ​က်မို့ မှာတစ်ခုခု
စားဖို့ဟန်ဘင်းနဲ့ညထဲတိုင်ပင်ခဲ့ပြီး
ထွက်လာခဲ့ခြင်းဖြစ်သည် ။
အချိန်အားဖြင့်မနက်၁၀ နာရီကျော်
ကျော်ဆိုတာ လမ်းသွားလမ်း
လာတစ်လျှောက်ရုတ်ရုတ်သဲသဲ
အဖြစ်ဆုံးချိန်။
မနက်စာကလည်းစားလာခြင်းမရှိ
တဲ့အတွက်တစ်ခုခုဝင်စားဖို့
ဆုံးဖြတ်ခဲ့ပြီး ဆိုင်ကောင်းကောင်း
တစ်ဆိုင်ရွေးနေချိန် Club ရဲ့
Group Chatထဲကအစ်မဂျီအူ့စာ
ကြောင့်လူကထပင်ခုန်မိမတတ် ။

ပုံမှန်အားဖြင့်လမ်းလျှောက်
လာတဲ့ဟန်ဘင်းကတော့သူ့ကို
မျက်မှောင်ကုပ်ကြည့်သည် ။
တဟီးဟီးနှင့်ရယ်ပြနေသော
သူဟာနာမည်နှစ်လုံးနှင့်အချေ
ဆိုဒ်ဖမ်းလာသောကျန်းဟောင့်
မှဟုတ်ပေရဲ့လား။

နှစ်နိုင်ငံချစ်​ကြည်ရေးပွဲကြီးမှာ
ယဥ်ကျေးမှုကိုယ်စားလှယ်အဖြစ်
ဖျော်ဖြေခွင့်ရခဲ့တယ်ဆိုတာနည်း
တဲ့ကံကောင်းခြင်းမဟုတ်ဘူး ။
အရမ်းကိုအခွင့်ထူး ဆန်သည် ။

တယောတီးတာနဲ့ပတ်သက်ရင်
ကံကောင်းနေတတ်တဲ့သူက
ဒီတစ်ခေါက်လည်း စီနီယာ
တွေကိုထွေထွေထူးထူးကျေးဇူး
တင်ရအုံးမည် ။

' အရမ်းစိတ်လှုပ်ရှားပြီး
ဗိုက်ဆာတာမေ့များသွားပြီလား '

' ဒီနေ့တော့မင်းကို ငါကပဲ
ဒကာခံမယ်ဆိုရင်ရော ဟန်ဘင်း
ဘယ်လိုလဲသဘောကျတယ်မလား
​မင်းကြိုက်တာစား ကြိုက်တဲ့နေရာ
သွား လုံးဝအချိန်ပေးမယ် '

ကျန်းဟောင့်သည် ကမ္ဘာပေါ်မှာ
အပျော်ဆုံးလူသားအဖြစ်ယခု
အချိန်သူ့ကိုယ်သူခံယူထားသည့်ပုံ။
မိုးတွင်းဖြစ်နေခဲ့သည်မို့ ကျီစယ်
လာတဲ့လေညှင်းတွေက အေး
စက်စက်တော့ဟုတ်မနေခဲ့ ။
စိုစွတ်မှုရဲ့အရသာလေးက လှိုက်
တက်လာတဲ့ရင်ထဲကပီတိလေး
ကိုပင့်ဆော်သည် ။

ကျန်းဟောင့်ဟာသူယူဆောင်
လာတဲ့ ကဒ်လေးကိုဟန်ဘင်း
ရှေ့ထောင်ပြရင်းမျက်စိမှိတ်
ပြပါသည် ။သဘောက' သူရှင်း
မည် 'ပေါ့လေ ။
ခနဲ့တဲ့တဲ့ရွဲ့လာတဲ့ဟန်ဘင်းက
လည်းမြေမှုန်တွေလူးနေတဲ့ဖိနပ်
ဖြူလေးပေါ်ရောက်သွားခိုက်
ရှေ့ကနေဦးဆောင်ကာ ကော့
တော့တော့နှင့်ထွက်သွားတော့
မည့် ကျန်းဟောင့်လက်ကိုဖမ်း
ဆွဲမိခဲ့သည် ။

Re-Love : BinHaoWhere stories live. Discover now