09

1.5K 154 16
                                    

' သွားမယ် ဟောင့်! ဆရာတွေ
မြင်သွားရင်မကောင်းဘူး '

ဒေါသတစ်ခုကိုမထိန်းချုပ်
တတ်တဲ့သူမဟုတ်ပါဘူး ။
ဘယ်တုန်းဘယ်ခါ ကမှလည်း
လူတစ်ယောက် အပေါ်ကိုယ်ထိ
လက်ရောက်အနေနဲ့ မတုံ့ပြန်ခဲ့ဖူး
တာမလို့ ဖြစ်ပျက်သွားတဲ့ အခြေ
အနေကို ပြန်လည်သုံးသပ် မိတဲ့
အခါမှာ ဟန်ဘင်းနောက်ကို
လိုက်သွားဖို့ သင့်မှန်းသိခဲ့ရသည်။

လွယ်အိတ်တွေရော ဖုန်းတွေပါ
ထားခဲ့ပုံရတဲ့ ဟန်ဘင်းက
ယခင်ထိုင်နေခဲ့တဲ့ အုတ်ခုံနား
လှစ်ခနဲပြေးရင်း သွားယူသည် ။
နောက်ပြီး သူ့ဆီအပြေးလေး
လာခဲ့ပါ၏ ။

' တခြားအတန်း ဆက်မတက်
တော့ဘူးမလား ပြန်မယ် '

အင်း ဆိုတဲ့ အဖြေတစ်ခုထဲ
ပြုရင်း သာမန်နေ့ရက်တွေထက်
စောတဲ့အပြန်လမ်းကို လျှောက်
လှမ်းရတော့သည် ။ လုပ်ချင်ရာ
လုပ်တတ်တဲ့ တဇွတ်ထိုးအကျင့်
မရှိပေမဲ့ အခုလို ဖြစ်ချင်ရာဖြစ်
သွားတဲ့ ပြဿနာကြောင့် မဆိုင်
ရေးချမဆိုင် ဟန်ဘင်းမျက်နှာ
ရိပ်ကို အကဲခတ်နေခဲ့ရသည် ။

အထင်သေးသွားမှာစိုးရိမ်
မိတာ ။

' ဆောင်းဟန်ဘင်း မထိုးလိုက်
ရတဲ့ အဲဒီ့မျက်နှာကို ကျန်းဟောင့်
က အစားလက်စ သတ်ပေးလိုက်
တာပဲ '

တိတ်တဆိတ်လေထု ကနေတစ်
ဆင့်ထိုးခွင်းလာတဲ့ ခပ်ဟဟ ရယ်
သံက သဘောကျနေပုံနဲ့ပဲတူနေ
သလိုလို ။ တွေးထင်တားတဲ့
စိုးရိမ်အမှတ်မဟုတ်ဘဲ ပေါ့ပေါ့
ပါးပါး ကျလာတဲ့ စကားလုံး
တွေကြောင့် အထူးအဆန်းလား
ဟုပင်အောက်မေ့ရ ။

' ဒီလောက်ဆို မင်းရဲ့တရားဝင်
သူငယ်ချင်းဖြစ်ပြီလား '

' ဘယ်တုန်းက တရားမဝင်ခဲ့
လို့လဲ '

' ရန်ဖြစ်တိုင်းလည်း ထိုးတတ်
ရမယ်ဆို?? '

' ဟောင့် ငါ့ကိုကြည့် '

ကြည့် ဆိုတဲ့အမိန့်မဆန်သော
တောင်းဆိုမှုလေး ကြောင့်အလို
အလျောက် စောင်းငဲ့လာတဲ့
ကျန်းဟောင့် ခေါင်းလေး ။
မိုးအငွေ့အသက်နဲ့ ဖြတ်ပြေး
သွားတဲ့လေပြေ ကတော့ဆံပင်
တွေကို ထိုးထိုးထောင်ထောင်
ပင်ဖြစ်စေခဲ့ပြီ ။

Re-Love : BinHaoWhere stories live. Discover now