010

1.3K 143 11
                                    

ပုံမှန်လိုလည်ပတ်နေတဲ့ နေ့ရက်
တွေမှာ အဲဒီနေ့က ပုံမှန်မဟုတ်ခဲ့
တဲ့ ဟန်ဘင်းစိတ်တွေ ... ။ ဒူပေ
ထုံပေ ခံစားချက်မဲ့တဲ့ လူသားတစ်
ယောက်လို နေလာခဲ့ပေသည့်တိုင်
အထီးကျန်ခြင်းဆိုတဲ့ ‌ပညက်ချက်
ကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး ၊ ဘယ်
သူ့ကိုပြေးနာကျည်းလို့ နာကျည်း
ရမှန်းမသိတဲ့ မိတကွဲဖတကွဲဘဝ
မှာ 'ဥမကွဲသိုက်မပျက်ချင်လို့' ပါ
ဆိုတဲ့ အဖေဖြစ်သူစကားကြောင့်
အကျယ်ကြီး အော်ရယ်မိခဲ့
ရသေးတယ် ။

အစထဲက ဒီလိုအခြေနေတွေထိ
ဖြစ်မလာအောင် ကောင်းကောင်း
မွန်မွန် နေခဲ့ပါလားလို့ လက်ညိုး
ထိုးခဲ့ချင်ပေမဲ့လည်း ဟန်ဘင်း
မားမားမတ်မတ် ရပ်တည်ပေးခဲ့
တဲ့ မေမေ့ဘက်ကမှ ဖောက်ပြား
ခဲ့သည်ကိုး......၊ ဟန်ဘင်း ဘာတတ်
နိုင်အုံးမှာလဲ ။

အကြောင်းအရင်းမရှိဘဲ ဧည့်ခန်း
ရှေ့ မျက်နှာချင်းဆိုင်အနေထား
မှာ မျက်နှာလွှဲထားတဲ့ အဖေနဲ့
အမေကို တစ်ချက်ကြည့်ရင်း
ဟန်ဘင်း ခနဲ့မိခဲ့ပါရဲ့ ၊

လူတွေက သိပ်တရားကျဖို့
ကောင်းတယ် ၊ ကိုယ့်ဆန္ဒတွေကို
ရှေ့တန်းတင်ပစ်ဖို့ တစ်ခြား
တစ်ဖက်ရဲ့ မှားကွက်ကို မီးမောင်း
ထိုးရှာ ၊‌ နောက်ပြီး အဲဒီ့အားနည်း
ချက်ကို ကိုင်ရင်းနဲ့ပဲ သူတို့ လျှောက်
ချင်တဲ့လမ်းကို လျှောက်သွားခဲ့
ကြတာချည်း ။

အဖေနဲ့အမေ့မှာ ဘယ်သူမှားလဲ
လို့ ဆုံးဖြတ်ခိုင်းရင် ဟန်ဘင်း
ခေါင်းပဲခါမိလိမ့်မယ် ထင်တယ် ။

ဘယ်သူ့မှမမှားဘူး ..... အားလုံးက
အ‌ကြောင်း တိုက်ဆိုင်လို့သာ
အမှတ်မထင် ဆုံတွေ့ခဲ့ကြရုံပဲ ...
ဘဝထဲကို အပြုံးတွေနဲ့ဝင်မယ်
မျက်ရည်တွေကို ချန်ရင်းပြန်
ထွက်သွားမယ် ..... ၊ ကိုယ်တိုင်
ကြည်ဖြူလို့ ကိုယ်တိုင်လျှောက်
နေကြတဲ့လမ်းပဲ ..... ။

ဒီလိုပါပဲ ..... ချစ်ပစ်မယ်လို့
ဆုံးဖြတ်ချက်ချမိတိုင်း ထိုဆုံးဖြတ်
ကိုပဲ နင်းချေသွားကြတဲ့ သူတွေမှ
မနည်းမနောလေ .... ၊‌ တော်ရောပေါ့
ဒီလောက်ဆို အသိတရားရဖို့
ကောင်းပြီ ဆောင်းဟန်ဘင်း ။

' ကားဆရာကြီး ခဏလောက်
ရပ်ပါအုံးဗျာ '

မျက်စိရှေ့ဖြတ်‌ပြေးနေတဲ့ မိုးစက်
လေးတွေကို ဘာရယ်မဟုတ်
လက်ဖဝါးနဲ့ အသာလေးခံရင်း
စောနကမှ ဥပေက္ခာပြုခဲ့မိတဲ့
ဧည့်ခန်းထက်က ကျန်ခဲ့သူနှစ်
ယောက်အကြောင်းကို ‌‌‌တွေးနေမိ
တာ မှတ်တိုင်မှာ ကားရပ်သွား
မှန်းတောင် ဟန်ဘင်း သတိမမူ
မိခဲ့ ၊ မိုးစက်လေးတွေဆီက အာရုံ
ကို လွှဲပြောင်းလိုက်မှသာ ရိပ်ခနဲ
ဖြတ်ပြေးသွားတဲ့ ဘတ်စ်ကို
မြင်ပြီး ယခုလို ပြေးလိုက် ခဲ့ရခြင်း
ပင် ။

Re-Love : BinHaoWhere stories live. Discover now