06

1.6K 216 13
                                    

ဒီနေ့ဟန်ဘင်းကိုသူမတွေ့ပါ။
ကျောင်းမလာတာမဖြစ်နိုင်
ဘူးဆိုတဲ့ယုံကြည်ချက်က အတန်း
ထဲမှာ ဟန်ဘင်းစာအုပ်တို့
ချထားတာကိုကျန်းဟောင့်
တွေ့လို့ရသာဖြစ်သည်။

အတန်းမစခင်ထိကျန်းဟောင့်
တစ်ကျောင်းလုံးနှံ့နေအောင်
ပတ်ရှာခဲ့လည်းမတွေ့။တစ်ခါ
တစ်လေကျတော့လည်းသတိ
ကပ်ဖို့သင့်ပါရဲ့။ဆောင်းဟန်ဘင်း
ဆိုတာသူ့ကိုထားထားခဲ့ရတာ
ဝါသနာပါသူပဲမဟုတ်လား။
ဘာကိုအထွေအထူးလုပ်ပြီး
တော့များကျန်းဟောက်က
ရှာနေရသလဲ ။

' မောတယ်! '

ကျန်းဟောက်အသံထွက်ညည်း
တွားမိသည်အထိကိုပဲ ။
အလေးမထားတဲ့လူတစ်ယောက်
ကိုသေမတတ်တွယ်တာမိတဲ့
သူကိုကမိုက်မဲတာ အသိတရား
မရှိလွန်းတာ ။

ရှာရင်းရှာရင်းကျောင်းရဲ့အနောက်
ဘက်ထိရောက်တော့မဲ့သူ့ခြေ
လှမ်းတွေကို ပြန်လှည့်လာလိုက်
ပြီး အတန်းမတက်တော့ဘဲ
violin clubမှာပဲ စီနီယာဂျီအူ
တို့နဲ့ပဲလေ့ကျင့်နေတော့တာ
​ကောင်းမည်ဟုဆုံးဖြတ်ချက်ချ
ခဲ့သည်။

နေတတ်အောင်က နေရမှာပဲ ။

' ကျန်းဟောင့်! '

သူတစ်မနက်လုံးရှာပုံတော်ဖွင့်
နေတဲ့လူရဲ့အသံဟာ နားထဲကို
ရုတ်တရက်ပျံ့လွင့်လာတဲ့
အချိန် ကျန်းဟောင့်မျက်လုံး
တို့ကလည်းလက်ခနဲ ။
နောက်လှည့်ကြည့်မိတော့
ခြေလှမ်း၅လှမ်းအကွာမှာရှိတဲ့
သစ်ပင်ကိုမှီထားကာ သူ့အား
ခပ်စေ့စေ့စိုက်ကြည့်နေသူ ။

ဒီကိုလာလို့ပါးစပ်ကနေခေါ်
စရာမလိုဘဲ အမိန့်တရားတို့
ကိန်းအောင်းနေတဲ့ မျက်ဝန်း
တို့ကြောင့် ကျန်းဟောင့်လှစ်ခနဲ
ပြေးသွားမိသည်။

' ဒီမှာဘာလုပ်နေတာလဲ....
တစ်မနက်လုံးလိုက်ရှာနေတာ '

' ဘော်ဒါတစ်ယောက်ကျောင်း
ကိုခဏလိုက်လာလို့Canteen
ထိုင်နေတာ '

ဟန်ဘင်းကလိမ်လိုက်တာများလား
သူအတန်းထဲမဝင်ခင်ထိတောက်
လျှောက် ကန်တင်းမှာအချိန်ကြာ
ကြာထိုင်နေခဲ့တာပါ။ဟန်ဘင်း
များရောက်လာလေမလား
ဆိုတဲ့တမ်းတစိတ်သေးသေး
လေးနဲ့ ။ဒါပေမဲ့လည်း အချိန်တစ်ခု
ထိပေါ်မလာသေးလို့ကျန်းဟောင့်
ဟန်ဘင်းကိုရှာဖို့ဆုံးဖြတ်ခဲ့တာပါ။

Re-Love : BinHaoWhere stories live. Discover now