04

1.4K 229 6
                                    

ထင်တဲ့အတိုင်းကျွန်တော်ဟာ
ကျောင်းနောက်ကျခဲ့ပြီ ။
မအိပ်ဘူးဆုံးဖြတ်ထားခဲ့တဲ့ဆုံးဖြတ်
ချက်တွေကိုမျက်လုံးတွေကလွန်ဆန်
ပြီးတော့ မှေးစင်းသွားခဲ့တဲ့အကျိုးဆက်...
ယခုဆိုရင်ဖြင့် Busနောက်ကိုအမှီပြေး
လိုက်ရနေပြီလေ ။
ကပ်သီးလေးလွတ်ထွက်သွားတဲ့Busက
နောက်ကြည့်မှန်နဲ့ကျွန်တော့်ကို
မြင်သွားသလားအောက်မေ့ရတယ်
တုံ့ခနဲရပ်ပေးလာခဲ့တယ် ။

' ဟင် ဟန်ဘင်း '

ဟန်ဘင်းကထိုကားပေါ်မှာရှိနေခဲ့တာ ။
သူ့ကိုမြင်တော့ တစ်ချက်သာကြည့်လာ
တဲ့ဟန်ဘင်းက ကြာကြာကြည့်မခံ
တစ်ဖက်ကိုလှည့်သွားခဲ့ပြန်တယ်။

လွတ်နေတဲ့ဟန်ဘင်းဘေးကနေရာ
တွင်ဝင်ထိုင်ချိန်ထိဟန်ဘင်းကနားကြပ်
တို့ကိုတပ်ရင်းမျက်နှာလွှဲထားဆဲ ။

ဆောင်းဟန်ဘင်းကစိတ်တော့မှန်
ပါတယ်နော် ။တစ်နေ့တစ်နာရီစီများ
အတွေးတွေပြောင်းပြောင်းတတ်လေ
သလား??? အမျိုးမျိုးအဖုံဖုံနဲ့
တတ်နိုင်လွန်းသူတစ်ယောက် ။
ညကဖြင့်သူ့ကိုထူးဆန်းတဲ့စာတွေပို့
ယခုဖြင့်တော့ မြင်နေကျဆောင်းဟန်ဘင်း
ဖြစ်သွားခဲ့ပြန်ပြီ။

' ဟန်ဘင်း! အာညော် '

လွှဲထားတဲ့ဟန်ဘင်းမျက်နှာရှေ့
လက်ကာပြတော့နားကြပ်တို့ကို
ဆွဲဖြုတ်လာတယ် ။

' မနက်စာရောစားလာခဲ့လား '

ဟန်ဘင်းကသူ့ကိုစေ့စေ့ကြည့်ရင်း
ရုတ်တရက်မေးခွန်းထုတ်လာတော့
ကျန်းဟောက်အယောင်ယောင်အနန
ခေါင်းငြိမ့်မိခဲ့သည်။တကယ်တမ်းတော့
သူဘာမှမစားခဲ့ရပါ ။
နိုးနိုးချင်းမြင်လိုက်ရတဲ့ နာရီကြောင့်
ရေတောင်မချိုးဘဲ အဝတ်လှဲပြီးသူပြေး
ထွက်လာခဲ့ရတာ ။

မနက်ထဲကဗရုတ်ကျပြီးပြီ ။

ယခုထိလည်းဆောင်းဟန်ဘင်းရှေ့
ဗရုတ်ကျတုန်း ။

' ဟို အဲ...ဘာမှမဟုတ်ဘူး
ဒါနဲ့မင်းအိပ်ရေးတော့ဝပါတယ်နော်
ဟန်ဘင်း '

' ညဘက်မအိပ်တာငါ့အတွက်တော့
အထူးအဆန်းမဟုတ်ပါဘူး
မင်းဖာသာဂရုစိုက် လူကမျက်တွင်း
ဟောက်ပက်နဲ့ '

Re-Love : BinHaoWhere stories live. Discover now