08

1.3K 195 0
                                    

မှန်ပြတင်းပေါ်က မညီမညာတွယ်
ကပ်နေတဲ့ မိုးစက်လေးတွေက
တစ်ခါတစ်ရံ ကြွေကျလို့ ။
အုံ့ဆိုင်းဆိုင်း ရာသီဥတုလေး ...
တစ်နည်းအားဖြင့် ထီးဝါလေး
တစ်လက်နဲ့ ကဗျာဆန်ရမဲ့ ဒီလို
မိုးရာသီမှာ ကျန်းဟောင့်က
ကျောင်းချိန်အမှီ Bustopကို
ပြေးရအုံးမှာပဲ။

ယိုမသုတ်ထားတဲ့ ပေါင်မုန့်
လေးတစ်ချပ်ရယ် .... ရေခဲ
သေတ္တာထဲ သိုလှောင်ဖြည့်တင်း
ထားတဲ့ ကော်ဖီအေးတစ်ဘူးရယ်
..... ဟော!မေ့ကျန်တော့မလို့
ကျန်းဟောင့်ရဲ့ မူပိုင် ပါးချိုင့်
လေးအတွက် ရောင်စုံCandy
ဘူးလေးတစ်ဘူးရယ် ။

သကြားလုံးလေးတွေ အစားထိုး
ပြီးစီးကရက်ဖြတ်တတ်မှန်းသိ
လို့ Mini Martကနေover time
ဆင်းချိန်အပြန်မှာ ဝင်ဝယ်
ဖြစ်ခဲ့တယ်ဆိုပါတော့ ။

ပြည့်စုံပြီထင်တဲ့အခါ အိမ်ထဲက
ပြေးထွက်လာခဲ့ပေမဲ့ လက်ပေါ်
က ဗလာကျင်းနေတဲ့တစ်စုံ
တစ်ခုဟာ နာရီကျန်ခဲ့ပြီဆိုတာ
သတိပေးလို့နေခဲ့တယ် ။
ခပ်လှမ်းလှမ်းကမြင်ရတဲ့ Bustop
နားက ကားတစ်စီးကတော့
ကျန်းဟောင့်ကိုနာရီပြန်လှည့်
မယူဖို့ တားနေသယောင် ။

ခြေလှမ်းကျဲကျဲတွေက သာမန်
ထက်ကိုအရှိန်တင်ရင်း ဟိုတစ်
ကွက်ဒီကွက်အိုင်နေတဲ့ လမ်းမ
ထက်ကရေကွက်တွေကိုConverse
လှလှလေးက ဖြတ်နင်းလို့။

ဟူး! ဆိုတဲ့သက်ပြင်းချသံနဲ့
အတူ ကျန်ခဲ့တဲ့နာရီလေးအစား
ဖုန်းလေးသာဖွင့်ကြည့်မိတော့
သိပ်မလိုတော့တဲ့ အတန်းစချိန်
ကို Digital နံပါတ်လေးက အချက်
ပေးလို့နေခဲ့သည်။

ကော်ဖီဆိုပူမှကြိုက်သောသူ ...
ပေါင်မုန့်ဆို ထောပတ်ယိုလေး
သုတ်မှကြိုက်သောသူ .....
ကျောင်းဆိုရင် ကိုယ်ပိုင်ကားနဲ့
ငြိမ့်ငြိမ့်လေးစီးသွားရမှကြိုက်
သောသူက ဆန့်ကျင်ဘက်
တစ်နေ့တာကိုဖြတ်သန်းရတဲ့
အတွက် သဘောတော့ကျမိပါရဲ့။

ကားမှန်ပေါ်တွဲခိုနေတဲ့ရေစက်
လေးတွေကတစ်ဆင့် သစ်ရွက်စိမ်း
လေးတွေက လက်ထဲဆုပ်ကိုင်
ထားတဲ့ Candyဘူးပိုင်ရှင်လေး
ကို ညွှန်ပြလို့နေခဲ့သည် ။

ဖြတ်ခနဲတွေ့လိုက်ရတဲ့အရိပ်
လေးက ပလက်ဖောင်းတစ်ခု
ပေါ်ဆောင့်ကြောင့်ထိုင်နေတဲ့အခါ
လက်ခနဲဖြစ်သွားတဲ့မျက်ဝန်း
တွေနဲ့ကားပေါ်ကပြေးဆင်း
ခဲ့ရသေးသည် ။

Re-Love : BinHaoWhere stories live. Discover now