03

1.5K 233 15
                                    

တစ်မိုးအောက်ထဲတူညီစွာ
ဘေးချင်းကပ် ထိုင်နေကြတဲ့
လူနှစ်ယောက်မှာတော့
မတူညီတဲ့နာကျင်မှုကိုယ်စီနဲ့
ခပ်ဆွေးဆွေးလေးသာ....။

ဖုန်းမီးသာဖွင့်ထားတဲ့သူတို့နှစ်
ယောက်အဖို့ပတ်ဝန်းကျင်ကတိတ်
ဆိတ်လွန်းလှတယ်....။
ကျန်းဟောက် သူ့ဘေးနားက
မြက်ပင်တွေကိုလက်ညိုးထိပ်
လေးနှင့်ဆော့နေတဲ့ဟန်ဘင်း
ကိုတစ်ချက်ကြည့်ပြီးကာမှ....
ကောင်းကင်ပေါ်သို့ပြန်မော့ကြည့်
ခဲ့သည်။

' ဒီညကြယ်တွေမရှိဘူးပဲ....ဒါ
ကြောင့်နာကျင်စရာကောင်းနေတာ
ထင်တယ်....'

' အွန်း '

ဟန်ဘင်းက 'အွန်း'တစ်လုံးထဲ
တုန့်ပြန်ပြီးစိတ်လွတ်နေသူပမာ
ငေးငိုင်နေခဲ့ပြန်တယ်။

'ဒီအချိန်ကြီးဟန်ဘင်းကဘာလို့
အပြင်မှာရှိနေရတာလဲ '

' ငါကမေးရမှာပါ....
မင်းကရောဘာလို့ဒီအချိန်ကြီး
အပြင်ကိုထွက်လာရတာလဲ
သူများနိုင်ငံမှာ လမ်းပျောက်
သွားမှာမကြောက်ဘူးလား '

' ဟင့်အင်း....ငါကပျောက်ကွယ်
သွားချင်တာ '

ဟန်ဘင်းကခနဲ့သလိုပက်ခနဲ
ရယ်လိုက်ပြီးသူ့မျက်လုံးတွေ
ကိုစိုက်ကြည့်လာခဲ့သည်။

' ခက်ခဲမှုဆိုတာမင်းတစ်ယောက်
ထဲကြုံတွေ့ရတာမဟုတ်ဘူး
လွယ်လွယ်လောကကြီးကို
အလျှော့ပေးတတ်တာ
စမတ်မကျဘူးနော် '

ဟန်ဘင်းစကားကိုကျန်းဟောက်က
မကျေနပ်တဲ့အနေနဲ့
အနည်းငယ်နှုတ်ခမ်းတို့ရှေ့ထော်
လာမ်ိသည် ။
တရုတ်မှာတုန်းကဆို ရစ်ခီနဲ့
အတူလွင့်နေအောင်ရေပန်းစား
ခဲ့သူပါ ။ဆောင်းဟန်ဘင်း
ရှေ့ရောက်မှသူဟာအပြောခံခဲ့
ရတော့တယ်။

' ဒါနဲ့မင်းကိုကြည့်ရတာသိပ်
အဆင်မပြေသလိုပဲ ဧကန္တ
တစ်ခုခုများဖြစ်ထားလို့လား '

' ကွာရှင်းသွားကြပြီ '

' ဘယ်သူတွေလဲ '

'ငါ့မိဘတွေ .. ဒီနေ့လေးတင်ပဲ '

ဖုန်းမီးရောင်ယဲ့ယဲ့လေးစောင်းထိုး
လိုက်ချိန်မှာတော့ ဟန်ဘင်းမျက်
ဝန်းထဲကအရည်ကြည်လေးတွေ
ကိုကျန်းဟောက်မြင်တွေ့ခဲ့ရတယ်။
ဒီခံစားချက်မျိုးသူမခံစားဖူးပေမဲ့
လည်း အနည်းဆုံးတော့မိသားစု
ပြိုကွဲသွားတဲ့လူတစ်ယောက်ရဲ့
ဝမ်းနည်းမှုကိုသူအပြည့်အဝစာနာ
ပေးလို့ရပါတယ် ။

Re-Love : BinHaoWhere stories live. Discover now