PART 24❣️(U/Z)

Start from the beginning
                                    

“ဟင်”

  Sweetမျက်နှာမော့လာပြီး သူ့ကိုကြည့်တော့ သူကခပ်တည်တည်ပဲ အဝတ်မဲ့နေသောအပေါ်ပိုင်းအပြင် ဘောင်းဘီကိုပါဆွဲချွတ်နေသောကြောင့် အနောက်ကိုတစ်လှမ်းဆုတ်လိုက်ရင်း......

“ရေကူးမယ်ဆို”

“အင်းလေ”

“နင်ရူးနေလား ဒါကြီးကို ရေကူးရအောင်ငါအရူးမှမဟုတ်တာ”

Bath tubကိုကြည့်ပြီးပြောချလိုက်တော့....

“သားပြောတဲ့အထဲမှာ ရေကူးမယ်လို့များပါလို့လား အတူတူကူးမယ်လို့ပြောတာ ရေကူးမယ်လို့မှမပြောတာ... ရေကူးမယ်လို့ပြောလည်းရတာပေါ့ ရေလည်းပါတာပဲနော်"

   အချိုမချင်မျက်နှာနဲ့ ပြောနေတဲ့ပုံက တဖြည်းဖြည်းနဲ့ ဟိုဘက်ကမ်းကိုသွားချင်နေတဲ့သူ့ကြောင့် နဂိုစိတ်တိုနေပါတယ်ဆိုမှ...

“ငါ့ကို ရေမပေးမကူးရင် လုံးဝမထိနဲ့နော်”

  အဝတ်မဲ့နေသောသူ့ကို မကြည့်တော့ဘဲ အပြင်ဘက်ကိုလှည့်ထွက်လာစဉ် Sweetခေါင်းပေါ်ကနေရေသန်ဘူးထဲကရေတို့နဲ့အတူ သူမစိုရွှဲလာပါတော့၏။

“ဒါဆို ရေကူးမယ်လို့ ပြောရမှာပေါ့နော်”

“ငါ့ကိုလွှတ်”

ခါးကနေမချီသွားပြီး စောစောကဦးတည်ချက်အတိုင်း ရေချိုးခန်းထဲကိုဝင်လာရပြီး Sweetကို‌ယ်ပေါ်က‌အင်္ကျီကို ငါ့အင်္ကျီပြန်ပေးဟု တောင်းနေသည့်အလား တစ်ယောက်ကချွတ်နေ တစ်ယောက်ကအတင်းပြန်ဆွဲနေသဖြင့် နှိုင်းဟာ Bath tubထဲက အချစ်ဟန်နီးမွန်းကို ဓါးပြလို‌တိုက်နေရပါတော့လျှင်.....

“Sweet မောင့်ကိုအခုပေးမှရမယ်"

“ရေမပေးကူးရင် မပေးဘူးလို့"

“ဒီမှာပဲကူးမယ်"

  ဇာစ်လည်းပြုတ်သွားပြီး ရင်ဘက်တစ်ဖက်မှာလည်း ကြိုးတစ်ချောင်းကထပ်ပျက်သွားပြီး ဒါကို ရုန်းနေတုန်း ဒီမိန်းမဘာလို့အားကြီးလာတာပါလိမ့်...

“ဒီမှာကူးရအောင် နင်ပဲကူး... ငါအပြင်ထွက်ပြီးတော့ကိုကူးအုံးမှာ"

“ရေမကူးရရင်  ခင်ဗျားသေမှာလား”

“နင်ကရော ဟိုမလုပ်...သေမှာလား"

ချစ်မှရမယ် (Complete)Where stories live. Discover now