PART 15❣️(U/Z)

Start from the beginning
                                    

  ကိုနေမီးကမ်းပေးလာသော ဘီယာဘူးကို ယူပြီးမှပြောသင့်မည့်အရာကိုပြောပြလိုက်၏။

ထိုနောက် နှိုင်း၏စကားလုံးတွေအောက်မှာ နေမီးတစ် ယောက်အသက်မရှူနိုင်ခဲ့....

❣️
❣️
❣️
❣️
❣️

“Happy Birthday to Me

Happy Birthday to Me...

Happy Birthday to  Dear me......

Happy Birthday  Happy Birthday to me........”

မေဦးမောင်နဲ့ ဒယ်ဒီမှာ မာမီနဲ့တွေ့ရင် သူမရဲ့မွေးနေ့ကို Happy Birthdayဂုဏ်ပြုသီချင်းကို ဝိုင်းဆိုကြရန် ကားပေါ်၌ကာရံညီ‌အောင် လေ့ကျင့်နေ၏။

“ဒယ်ဒီကားမောင်းတာလည်း နှေးလိုက်တာ”

“သမီးရယ်.... မီးပွိုင့်မိနေလို့ပါ ဒယ်ဒီရဲ့သမီးသေးသေးလေးရယ်နော်... စိတ်မဆိုးနဲ့အုံး... သီချင်း အေးဆေးလေ့ကျင့်ချိန်ရတာပေါ့ မဟုတ်ဘူးလား”

“ဒယ်ဒီကိုယ်၌ကိုယ်က နှေးနေတာကို အားမရလိုက်တာ ဟွန့်”

“ဒယ်ဒီသမီးလေး ဒယ်ဒီမောင်းတာနှေးလားမနှေးလား သိချင် ဒယ်ဒီ့ဆီလာ လာမောင်းကြည့်”

“တကယ်နော်.... သမီး လေးလေးဆီမှာ သင်ဖူးတယ်  သမီးဘယ်လောက်မောင်းကျွမ်းလဲဆိုတာ ဒယ်ဒီကြည့် နေမောင်းပြမယ်"

  ကျောင်းပိတ်ရက် အားတဲ့အချိန်လေးတွေဆို လေးလေးက သူကိုယ်တိုင်ကားမောင်းသင်ပေးတာမို့လို့ မေဦးမောင်အတွက် ကားမောင်းတာသိပ်မစိမ်းနေ။

  ဆယ်နှစ်သမီးလေးဖြစ်သော မေဦးမောင်မှာ တစ်အိမ်လုံးက အလိုလိုက်အကြိုက်ဆောင်ထားသော ကလေးဖြစ်နေသောကြောင့် အနည်းငယ်ဂျစ်ကန်ကန်နိုင်ကာ ခပ်ဆိုးဆိုးလေးစိတ်ရှိသည်။

ဒယ်ဒီပေါင်ပေါ်တတ်ထိုင်ကာ အပီအပြင်မောင်းဖို့ဟန်ပြင်နေသော သမီးငယ်ကြောင့် အဖေဖြစ်သူက သဘောကျ၍ ရယ်မောနေ၏။

“ဒယ်ဒီ့သမီးက ယောက်ျားလေးကျနေတာပဲကွာ ဘာမှကို မကြောက်တာ...”

“သမီးက ယောက်ျားပဲ ဒယ်ဒီ အေးဆေး"

ကား စီယာတိုင်လေးကိုတစ်ဖက်ကကိုင်ပြီး တစ်ဖက်က လက်တီးလက်မောင်းတန်းပြကာ ကြွက်သားမရှိသောသူ့လက်မောင်းသေးသေးဖြူဖြူလေးကို မေးဆက်ပြနေလေရဲ့....

ချစ်မှရမယ် (Complete)Where stories live. Discover now