PART 13❣️(U/Zaw)

Start from the beginning
                                    

“ဦးမောင် မျက်နှာသစ်ပြီး မနက်စာစားရအောင် ကော်ဖီသောက်မယ်မလား”

“အင်း နို့လျှော့မယ် သကြား အားသားစိုက်နဲ့”

အောင်မာ...
ဘာလဲ ငါ့ကိုများ ကော်ဖီဆိုင်ကဝိတ်တာမှတ်နေလား သင်းလေးပြောပုံက....

ဒီအချိန်မှာဖက်နမ်းပြီး အပြစ်ပေးလိုက်လျှင် သူ့ပါးယောင်ကိုင်းလာအုံးမှာမို့ ငြိမ်လိုက်ရသည်။

“နေမကောင်းတာကို စီးကရက်နဲ့ နောက်ဒီလိုမလုပ်ရဘူးနော်”

  လက်ထဲက စီးကရက်ကို အသာယူလိုက်တော့လည်း ကြည်ကြည်ဖြူဖြူနဲ့ပေးလာသောကြောင့် ဒင်းဟုတ်ရဲ့လားလို့ အံ့ဩသွားပြီး မနက်မှာကြည်လင်အုနုနေသော မျက်နှာ‌လေးကို ငေးမဝနေစဉ်မှာပဲ ရေချိုးခန်းဘက်ကို ထွက်သွားတော့၏။

နို့လျှော့ သကြား other sideဆိုတော့လည်း မင်းရဲ့အမိန့်တော်အတိုင်းပါပဲ.....

ညက မတော်တဆလား တမင်တကာလား ဝေခွဲမရတဲ့ သူတို့နှစ်ယောက်ရဲ့အနမ်းအကြောင်းကို ပြောကြရင်ကောင်းမလားဟု တွေးနေစဉ် တီရှပ်အနက်အပွကို အောက်ကနက်ပြာ‌ရောင်ဘောင်းဘီတိုတိုပွပွလေးနဲ့ ခပ်တည်တည်ထွက်ချလာသည့်ပုံရိပ်ကိုကြည့်ကာ လူက ဒူးပါပျော့ခွေချင်လာ၏။

ရင်ခုန်လိုက်တာ ဦးမောင်ရာ.....

မင်းရဲ့ဒီပုံစံကို ငါဘာလို့သဘောကျပြီး မြတ်နိုးနေရလဲဆိုတာ ငါ့ကိုယ်ငါတောင်နားမလည်ဘူး။

  နှုတ်ခမ်းစုလုံးပြီးထော်နေတာကိုမြင်လျှင် လျှာကိုအလိုလိုသပ်နေမိကာ သူ့လည်တိုင်က အငူကလည်းအပေါ်အောက်ပြေးလွှာနေပြီ......

အဲ့ဒီ တီရှပ်ပွပွအောက်ဗိုက်သားဖြူဖြူလေးပေါ်ကို ပြေးခိုလှုံခြင်လိုက်တာမှတအားပဲ.....

  သူနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်‌ပြီး မုန့်စားလိုက် ကော်ဖီသောက်လိုက်နဲ့ ခေါင်းတညိတ်ညိတ်လုပ်နေပုံက တကယ့်အူယားစရာလေး။

“ခင်ဗျား ဒီလိုပဲထိုင်ကြည့်နေမယ်ဆို ကျွန်တော်ပိတ်ထိုးမှာနော်"

  ဦးမောင်သူ့ကိုသတိပေးလာတော့မှ သူမှာတွေးနေတဲ့ ရိုမန့်တစ်အတွေးလေးတွေတောင် အက်ရှင်ခန်းတွေဖြစ်ကုန်တော့၏။

ချစ်မှရမယ် (Complete)Where stories live. Discover now