အပိုင်း ၇

128 10 30
                                    

[Unicode]

"ဟေး... ပျော်စရာကြီးကွ"

လက်သီးကို လေထဲ ပင့်ထိုးပြီး ဝမ်းသာအားရ အော်ဟစ်နေပုံက မသိလျှင် မရှိတဲ့ သူ့ကြီးတော်ကြီး ယောက်ျားနောက် ‌လိုက်သွားသည့် အလား။

"နောက်တစ်ခေါက် ထပ်ပြောစမ်းပါဦးကွာ။ ငါ ထပ်ကြားချင်လို့။"

"ကျူရှင် ပိတ်တယ်တဲ့။ ကျူရှင် ပိတ်တယ်။"

"ဟီးဟီးဟီး"

"ဘာတဲ့။ ဘဝမှာ အပျော်ဆုံး အချိန် သုံးခု ရှိတယ်။ ရှင်လိင်ပြန်တဲ့ နေ့ရယ်၊ ထောင်ထွက်တဲ့ နေ့ရယ်၊ မင်္ဂလာဆောင်တဲ့ နေ့ရယ်တဲ့။ ငါ့ကျ တစ်ခု ထပ်ထည့်မယ်ကွာ။ ကျူရှင် ပိတ်တဲ့ နေ့။ ဟေး...။"

လမ်းကောင်းကောင်း မသွားဘဲ အပင်ဖက်ပြီး တဟေးဟေး အော်နေသူကို ခုနေ လေးလေးသာ မြင်လျှင် ရင်ကျိုးကာ သွေးအန်နေလောက်သည်။ ငြိမ်းလင်းမှာ ခေါင်းသာ ယမ်းမိရ၏။

"ဟိုးတစ်နေ့ကလည်း မင်း အဲ့လို ပြောသေးတယ် မလား။ ကျောင်းပိတ်တဲ့နေ့ကို အဲ့ဒီသုံးနေ့ထဲ ပေါင်းထည့်ဆို။"

"လေးနေ့ဖြစ်လည်း အဲ့ဒီလေးနေ့ထဲ ထပ်ပေါင်းထည့်ကွာ"

"မဟုတ်ဘူးကွ။ ဆရာ နေမကောင်းပေမဲ့ ကိုရှင်းသာ သင်မယ် ထင်နေတာ။ ဒါပေမဲ့ ကိုရှင်းသာကပါ အစားမဝင်ဘူးတဲ့။ မထူးဆန်းဘူးလား ကဲ။ ကျောင်းမှာလို မဟုတ်လို့လား။ ကျောင်းမှာဆို ဆရာမတွေက အဲ့ဒီအချိန်ပဲ ချောင်းနေကြတာ။"

"ဟေ့ကောင်။ သေချာရော သေချာရဲ့လားကွာ။ မင်း လျှောက်ပြောနေတာလား။"

မယုံနိုင်သည့် တံခွန်မှာ သူပြောတဲ့ အထဲ ဟာကွက်များ ရှိမလား အဘက်ဘက်က စဉ်းစားနေရှာ၏။ မေးခွန်းထုတ်လိုက်၊ အဖြေပေးလိုက်ဖြင့် တစ်ယောက်တည်း ရှုပ်နေတော့သည်။

"ဪ တကယ်ပါဆို။ မယုံရင် မင်းတစ်‌ယောက်တည်း သွားတက်၊ သွား။ မနက်က ကျောင်းမသွားခင် ကိုရှင်းသာကိုယ်တိုင် လာပြောသွားတာ။"

"ဘာဖြစ်လို့တဲ့လဲ"

"ဘယ်သိမလဲ"

"မင်း မမေးလိုက်ဘူးလား"

"မမေးလိုက်ပါဘူး။ တော်ကြာ တက်ချင်တယ် ထင်ပြီး ပြန်ဖွင့်နေရင် ဘယ်လိုလုပ်မလဲ။ မင်းဆိုရင်ရော မေးမှာလား။"

You've reached the end of published parts.

⏰ Last updated: May 18, 2023 ⏰

Add this story to your Library to get notified about new parts!

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now