အပိုင်း ၃

118 11 18
                                    

[Unicode]

"တံခွန် ရှေ့မှာ ဘယ်လောက် စာကျေခဲ့လဲ သိချင်တယ်။ အဲ့ဒါကြောင့် မေးခွန်းတွေတော့ ဖြေပေးရမယ် ဟုတ်လား။"

တံခွန် အဖြေမပေးဘဲ ဆက်လက်၍သာ စိုက်ကြည့်နေမိသည်။ ဦးသက်လင်းမာန့်မျက်နှာက ပြောင်းလဲသွားခြင်း မရှိပါ။ သူ့အကြည့်ကို နေသားမကျ မဖြစ်သလို၊ ရှိုးတို့ရှန်းတန့်လည်း မဖြစ်။

"လေးလေး မနက်က ပေးထားတာတွေ ပြီးပြီလား ငြိမ်းလင်း"

"နည်းနည်း ကျန်သေးတယ်။ ကိုရှင်းသာက တော်ကြာနေ လာတော့မှာတဲ့ လေးလေး။ စာတောင် ပြန်မနွှေးရသေးဘူး။"

ငြိမ်းလင်းက အီလည်လည် မျက်နှာဖြင့် ဆိုသည်။ သူ စာမရတာကို အချိန်ပေါ် လွှဲချနေ၏။

"သောကြာနေ့က အိမ်စာတွေ ရေးပြီးပြီလား"

"အဟီး အဲ့ဒါ ကျန်သေးတာ"

ဦးသက်လင်းမာန်က တံခွန့်ကို ပြန်ကြည့်သည်။ ခပ်တည်တည်၊ ဂျစ်တစ်တစ် မျက်နှာပေးနှင့် အေးချမ်း၊ ကြည်လင်သော မျက်နှာထားတို့က ခပ်ကြာကြာ အားပြိုင်‌မိသွားကြ၏။

"အဲ့ဒါကို ငြိမ်လင်းနဲ့ အတူတူ အရင်ပြီးအောင် လုပ်လိုက်နော်။ ဒီအတောအတွင်း တံခွန့်အတွက် မေးခွန်း ထုတ်ထားလိုက်မယ်။"

ဦးသက်လင်းမာန်က ခပ်လှမ်းလှမ်းမှာ ရှိနေသော တစ်ယောက်ထိုင် ခုံနှင့် စားပွဲအသေးလေးရှိရာ လျှောက်သွားသည်။ ရုတ်တရက်ကြီး မေးခွန်းဆိုတာဆီ ဦးတည်လာ၍ တံခွန် ခေါင်းကြီးသွားရ၏။ စာမရတာတော့ မဟုတ်သော်လည်း နှစ်စကနေ ခုထိ သင်လာသမျှကို ကောက်ကာငင်ကာ ထမေးလျှင်တော့ ဉာဏ်ကြီးရှင် မဟုတ်၍ မဖြေနိုင်ပါ။

"မင်း စတက်တဲ့နေ့ကလည်း အဲ့လို မေးခွန်းထုတ်ပြီး မေးသေးတာပဲလား"

ငြိမ်းလင်းကို ခပ်ကျိတ်ကျိတ် မေးလိုက်မိသည်။ တံခွန် ပညာပြမည်ကို ကြိုသိနေ၍ သူက အရင် ပြန်ပြသွားသလား သံသယပင် ဝင်သွားရ၏။

"မမေးပါဘူး။ ငါက နှစ်စကတည်းက တက်တာလေ။ မေးစရာမှ မရှိတာ။"

ငြိမ်းလင်း ပြောတာလည်း ဟုတ်သလိုလို။ သို့သော် မကျေနပ်ပါ။ ဒီလို ကျူရှင်မျိုး ခုမှသာ ကြားဖူးသည်။

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now