အပိုင်း ၁

190 16 26
                                    

[Unicode]

( ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ ××× နေနိုင်ရက်သူရေ မွှေးပါစေ ××× ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ××× ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ )

မြောက်ပြန်လေ တိုးဝှေ့တိုက်ခတ်သွားသော အိမ်နောက်အပင်များဆီက ရှဲခနဲ ရှဲခနဲ မြည်သံကြားရသည်။ အိမ်ရှေ့တစ်လွှားအထိပါ တစ်နံတစ်လျား ဖုံးအုပ်လို့ သွားလျှင် ခေါင်းရင်းဘက်မှ ဒီဇင်ဘာပန်းရနံ့တို့က သင်းသင်းလေး ကြိုင်လာ၏။

တိုက်လက်စ မီးပူကို ထောင်ကာ ခေါက်ပြီးသား အင်္ကျီတစ်ထည်အား မြတ်မွန်ရည် ဘေးသို့ ချလိုက်သည်။ တစ်ဆက်တည်း ပြတင်းပေါက်ကို မော့ကြည့်မိသောအခါ ဝင်စပြုပြီ ထင်သော ဆောင်းဦး၏ အဆွေးတစ်ရပ်က ရုပ်လုံးပေါ်ခါ နီးနေပြီဖြစ်ကြောင်း တွေ့ရ၏။

ကံ့ကော်နှင့် ဆောင်းဦးက ဘာမှတော့ မသက်ဆိုင်‌ချေ။ ကံ့ကော်က နွေ၏ ပြယုဂ်ဖြစ်ပြီး ဆောင်းဦး၏ ကိုယ်စားပြုက ဖွေးဖွေးဖြူသော သဇင်ပန်းကုံးများ ဖြစ်သည်။ ထို့အတူ သီချင်းသည်လည်း ဆောင်းအကြောင်း မပါဝင်ပေ။ နွေအဖွင့်မှာ ရောက်မလာသေးသော ‌ချစ်သူကို တမ်းတမျှော်လင့်နေခြင်းသာ ဖြစ်သည်။

ဒါကို ဘာကြောင့် မြတ်မွန်တို့ ကံ့ကော်မြို့တော်ကို ဖွင့်နေလဲ ဆိုလျှင်တော့ စိတ်၏ ငြိမ်သက်ခြင်းကို ရလို၍ ဖြစ်ပါလိမ့်မည်။ မီးပူတိုက်ရင်း ရှေးသီချင်းလေးများ နားထောင်ရသည်က ခံစားရ ကောင်းသည်။ တကူးတက အချိန်သပ်သပ် ပေးစရာ မလိုဘဲ အလုပ်လည်း ပြီးသည့်အပြင် သူ(မ) တွေးချင်တာလည်း တွေးနေ၍ ရသည်။

ထိုအခိုက် ကလစ် အစိမ်းရောင်တစ်စီးက အသင့်အတင့် ကျယ်ဝန်းသော မြတ်မွန်တို့ ခြံရှေ့မှာ ရပ်သည်။ အနောက်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဆင်းလိုက်ချိန်တွင် အရှေ့မှ မောင်းသူ ကောင်လေးက မေးလိုက်၏။

"မင်း ဘယ်နေ့ ထပ်လာဦးမလဲ"

"လာမှာပေါ့ မင်းကလည်း"

ဆိုင်ကယ်ဦးထုပ် ချွတ်လိုက်၍ ပွသွားသော ဆံပင်များကို တံခွန် ပြန်သပ်ရင်း ခပ်သာသာ,သာ ပြောလိုက်သည်။ သူက အိမ်မပိုင်သော လူ မဟုတ်။ အိမ်က အမေကြီးတို့များ တစ်ပတ်လှည့်ကာ ခေါက်ထား၍ ရသည်။

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now