အပိုင်း ၂

88 12 21
                                    

[Unicode]

"ဖေဖေ ဆိုင်ကယ် ခဏ ယူမယ်နော်"

မမကြီးက ဖေဖေ့ကို ပြောရင်း အိမ်ပေါ်မှ ဆင်းလာသည်။ တံခွန် စိတ်အညစ်ကြီး ညစ်သွား၏။ သူလည်း တစ်ခါလောက် ဆိုင်ကယ် စီးချင်သေးသည်ကို။

"ကိုယ့်ဘာသာ စီးသွားပါမယ်ဆို။ မမကြီးက ဘာလိုက်လုပ်မလို့လဲ။"

"မင်းကို ဆိုင်ကယ်စီးခွင့် ပေးထားသေးလို့လား။ ဆရာဆီမှာ အသေအချာ အပ်ခဲ့မှ ဖြစ်မှာပေါ့။ ဒီအတိုင်း လွှတ်လိုက်ရင် ကိုလင်းမာန်ကို မလေးစားရာ ကျတယ်။"

မမကြီးက ဆိုင်ကယ်ကို တွန်းကာ လမ်းဘက် လှည့်လိုက်သည်။ တံခွန် မကျေမနပ် ရေရွတ်မိလိုက်၏။

"ဟိုနေ့က ပြောပြီးပြီပဲကို"

"ကဲပါ။ လာတက်။ နောက်ရက်ကျ ဖေဖေ့ဆီက တောင်းစီးပေါ့။"

"စီးနေရပါဦးမယ်"

ဘောက်ဆတ်ဆတ် ထွက်လာသော အသံကြောင့် မမကြီးက မောင်းရင်း ရယ်သည်။ သူ(မ)ကတော့ ရယ်နိုင်သည်ပေါ့။ သူ(မ)က သမီးအလိမ္မာလေးဖြစ်ပြီး ဖေဖေအားထားရသူလည်း ဖြစ်ပြန်သည်လေ။

"ကိုယ့်အစ်မနောက်က ထိုင်စီးရတာ အောက်တယ် ထင်လို့လား။ ဒါမှမဟုတ် မင်း သူငယ်ချင်းတွေ မြင်မှာကို ရှက်လို့လား။ တော်စမ်းပါကွာ။ အဲ့လိုအစွဲတွေ မထားစမ်းပါနဲ့။ မင်းက မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိသေးတယ်။ အဲ့ဒီအတွက် လူကြီးဖြစ်တဲ့သူတွေက ပထမဆုံးနေ့မှာ လိုက်ပို့တယ်ဆိုတာ ဖြစ်သင့်တာပဲ။ ပြီးတော့ နောက်ရက်တွေလည်း မမကြီးက မလိုက်ပါဘူး။ ဒီနေ့ပဲ အခြေအနေ လိုက်ကြည့်တာ။"

မမကြီး ဘာပြောပြော သူ့နားထဲ မဝင်ပါ။ သူ့အတွေးကတော့ မူကြိုကျောင်းသား ပြန်ဖြစ်နေပြီး ဆိုင်ကယ် မစီးရတာပဲ သိသည်။ နောက်မှာ ထိုင်လိုက်ရင်း တံခွန် နှုတ်ခမ်းစူထားမိ၏။

မမကြီးကို ဆိုင်ကယ်ကို ဖြည်းဖြည်းလေး မောင်းသည်။ လေတိုက်သောအခါ တစ်ဖက်ချ၍ စည်းထားသော ဆံပင်စများက သူ့မျက်နှာနား ရောက်လာကြ၏။ ဒီတော့လည်း ရနံ့မွှေးမွှေးလေးကြောင့် စိတ်ကြည်လင်သလို။

"မင်း သူငယ်ချင်း ဘယ်သူ"

"ဘယ်သူလဲ"

"တောင်ပိုင်းက ကောင်လေးလေ။ ငြိမ်းချမ်း..."

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now