စာ

315 21 12
                                    

[Unicode]

ဘယ်က စာလဲဆိုတော့ စာရေးသူဆီက စာပါ။ XD

A Wistful longing for Inzali

Wistful မရနိုင်တော့တဲ့ အရာတွေကို တောင့်တတာ။

Longing တမ်းတတာ။

နှစ်ခုပေါင်းတော့ တစ်ချိန်တုန်းက အရာတွေကို ပြန်လည် အောက်မေ့တမ်းတတာပေါ့။

ခုခေတ် အိမ်က ကလေးတွေ ခေတ်သီချင်းတွေ ဖွင့်တာ နားထောင်တော့ အဘတို့က နားငြီးတယ်လို့ ပြောကြတယ်။ နင်တို့ဟာ ရန်ဖြစ်နေသလိုပဲတဲ့။ သူတို့အတွက်ဆိုရင် ရှေးသီချင်းတွေ ဖွင့်ပြမှ ကြိုက်ကြတယ်။

အဲ့ဒါနဲ့ အကြီးက ကလေးတွေဘက်က ပြောပြန်တယ်၊ သူတို့ခေတ်တုန်းကလည်း အဖေတို့က ဒီလိုပဲ ပြောတာပဲ။

မင်းအောင်ဆို ခုနားထောင်တာ အကောင်း၊ အဲ့ခေတ်တုန်းကကျ အဆိုကို ဖျက်သူလို့ ပြောတယ်တဲ့။ စတူဒီယိုခေတ်က အဆိုတော်မှန်သမျှဟာ သီချင်းကြီး၊ သီချင်းခံတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ လူကြီးတွေ မျက်စိမှာ မတိုးခဲ့ဘူးတဲ့။

အဲ့တော့ ဂီတရဲ့ ခေတ်ရေစီးကြောင်း ပြောင်းလဲပုံက စိတ်ထဲ ရောက်လာတယ်ပေါ့နော်။

အဲ့ဒီခေတ်က လူငယ်တွေရဲ့ စိတ်ထားက ဘယ်လိုများပါလဲ။ စတူဒီယို ခေတ်ဦးကို ခေါင်းမော့စေဖို့ ဘယ်လို ကြိုးပမ်းခဲ့ကြလဲ။ တမူထူးခြားတဲ့ သံစဉ်တွေ ရေးဟန်တွေကို လူထုကြားမှာ ဘယ်လိုစွဲငြိစေခဲ့လဲ။

ဟိုရက်က တစ်ခါ "ရှေးရှေးတုန်းက ဗမာပြည်" ထဲမှာ တေးရေးဆရာ အဉ္ဇလီမောင်မောင်အကြောင်း၊ လီဝစ္ဆီများ အကြောင်း၊ ဆရာ ခင်မောင်တိုးအကြောင်း၊ ဆရာထူးအိမ်သင်အကြောင်းတွေ ရေးထားတာ ဖတ်လိုက်ရပြန်တယ်။

ဒီ‌တော့ ရေးချင်စိတ်က ပိုကြွသွားရတယ်။ ဒါပေမဲ့။ အိမ်‌‌ဆောက်ချင်ပေမဲ့ သံတောင် ဖြောင့်အောင် မရိုက်နိုင်တဲ့ လူလိုပဲ။ ကျွန်တော်က ဂီတအကြောင်း ဘာမှ နားမလည်ပါဘူး။ ဒီတော့ တစ်စိတ်တစ်ပိုင်းပဲ ရေးမှာပါ။ ဇာတ်အိမ်ဟာ ဗြဲလရုန်းကြီးလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကြက်ကန်းဆန်အိုးတိုးပြီး မှန်သွားတာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now