အပိုင်း ၅

57 9 14
                                    

[Unicode]

ညနေစောင်းချိန်မှာ တံခွန်တည်တို့ သိပ်ကို တက်ကြွနေ၏။ ရေမိုးချိုးပြီးသည်နှင့် ဆိုင်ကယ်ကိုသာ မျက်စောင်းထိုးနေမိတော့သည်။

"ဆင်းတာနဲ့ အိမ်ပြန်ခဲ့‌နော်။ ည တအား မမှောင်စေနဲ့။"

"ဟုတ်"

"တအားလည်း မမောင်းနဲ့"

"ဟုတ်"

ပြောသမျှ တဟုတ်ဟုတ်နှင့် ဖြေရင်း တံခွန် ခြံထဲမှ မောင်းထွက်လာခဲ့သည်။ မျက်နှာတော်က ရွှင်ပြုံးလို့နေ၏။ ခုကစပြီး ဒီဆိုင်ကယ် သူ့အပိုင်ဖြစ်ပြီ။ ကျူရှင်ကို ဆယ့်ငါးမိနစ် မောင်းရလျှင် ငါးမိနစ် ခိုးမည်။ ပြီးလျှင် ဂစ်တာဆိုင် လိုက်စုံစမ်းမည်။

ဘုန်းကြီးကျောင်းကွေ့ ရောက်သောအခါ မြို့ထဲ ဆက်မမောင်းဘဲ ထိုလမ်းအတိုင်း တံခွန် ဝင်သွားလိုက်၏။ ရပ်ကွက်မမည်သော နေရာသေးသေးလေးက အထင်တော့ မသေးရ။ မုန့်ဟင်းခါးဖတ်များ ထုတ်လုပ်ရာ မုန့်စက် ရှိသည်။

ခုံးတစ်ခုကျော်လျှင် သွပ်မိုးထားသော အိမ်တစ်အိမ်ကို အရင်မြင်ရသည်။ ဆိုင်ကယ်ကို ထိုရှေ့၌ တံခွန် ထိုးရပ်လိုက်၏။

"အန်တီ ဘကြီး ရှိလား"

ခြံထဲ၌ အဝတ်ရုတ်နေသော အမျိုးသမီးက ခေါင်းညိတ်ပြသည်။ ဘကြီးဟူသည်က အမျိုးအရင်းတော့ မဟုတ်။ သို့သော် သူ့အဘိုးအဘွားများ ရှိစဉ်က ခဏခဏ လာတတ်၍ သူတို့နှင့် ရင်းနှီးနေသည်။

အထဲ ဝင်သွားသောအခါ အိမ်ရှေ့ခန်းမှာ ဘကြီးက ကွမ်းယာနေ၏။ သူ့အသံကြားတော့ မော့ကြည့်သည်။

"တံခွန်။ ထူးထူးခြားခြား ပါလားကွ။ ဘယ်လို မျက်စိလည်လာတာ။"

"ကျူရှင်သွားရင်းနဲ့ လမ်းကြုံလို့ ဝင်လာတာ ဘကြီး"

"အေးအေး ဝင်လာတော့လည်း ကောင်းတာပေါ့ကွာ။ မြတ်မွန်က သူ့မောင်ကို ဆိုင်ကယ်စီးခွင့် ပေးလိုက်ပြီပေါ့။"

ဘေးနား ဝင်ထိုင်ရင်းမှ တံခွန် ရယ်ပြလိုက်မိ၏။ ကျူရှင်တက်ဖို့မို့ ခွင့်ပြုလိုက်တာကို ဘကြီး မသိပါလား။

"မမကြီးတောင် ပြန်ရောက်နေတယ်။ ဘကြီးဆီ လာမလို့တဲ့ ဟိုနေ့က ပြောနေသေး။"

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now