PART 10❣️(U/Z)

Start from the beginning
                                    

“ဟုတ်တယ်ဆိုရင်ရောကွာ..... တစ်‌ယောက်ထဲဒုက္ခ‌ရောက်သွားမှာဆိုးလို့‌ ဘော်ဒါစိတ်နဲ့ပြောနေတာ”

  ဟိုဘက်ကခနဲ့ပြီး မေးပေမယ့် သူကတော့ စိတ်ရင်းအမှန်အတိုင်းပြောပြလိုက်သည်။ အရင်အခြေအနေနဲ့ဆို သူဦးမောင်ကို ထပ်ထိုးပြီး ပြဿနာဖြစ်နေလောက်ပေမယ့် အခုတော့ သူ့အရှေ့က လူဆိုးလေးကို ချစ်လွန်းလို့ ခွင့်လွတ်တတ်နေပါပြီ.....

“အဟွန့်.... ယောက်ျားအချင်းချင်းကို လူမြင်လို့မကောင်းဘူး”

မရဲတ‌ရဲတော့ပြောမိသွားသည်။ ဒီလူက ဘာအသားမှမရှောင်တဲ့ဘဲကြီးဆိုတော့...

“ငါနဲ့မင်းကြားမှာ ရန်ငြှိုးရှိလား ဦးမောင်”

  သူပြောချင်တာကိုအရင်ပြောလိုက်လျှင် ဦးမောင်က တစ်ခနမျှငြိမ်နေပြီမှခေါင်းခါပြ၏။

  ဦးမောင်နဲ့နီးကပ်သမျှနီးကပ်အောင် သွားပြီး သူ့ထက်အရပ်နိမ့်သော  ဦးမောင်ကိုအနားခံသည့်မျက်ဝန်းနဲ့ရောက်သွား၍......

“ဟိုတစ်လောက မင်းကိုဒေါသထွက်ပြီး ထိုးခဲ့မိတဲ့အတွက် ငါတောင်းပန်ပါတယ်ကွာ နော်၊ မင်းငါ့ကိုခွင့်မလွတ်ဘူးဆိုလည်း မင်းပေးတဲ့ဥပက္ခာကို ငါကျေကျေနပ်နပ်လက်ခံပေးမယ်၊ ဒါပေမယ့် မင်းနဲ့ငါ့ကြားမှာ နောက်ထပ်အဆင်မ‌ပြေတဲ့ဆက်ဆံ‌ရေးတွေရုတ်သိမ်းကြရအောင်”

  သူပြောတာကို ဦးမောင်သဘောပေါက်သည်။ သူနဲ့ ဘော်ဒါဖြစ်ဖို့ လာJoinတဲ့စကားပဲ။

“အဲ့နေ့အတွက် ငါတကယ်တောင်းပန်တယ်”

“ရပါတယ် မလိုပါဘူး ဒါမျိုးကို ခင်ဗျားနဲ့မှကြုံဖူးတာမှမဟုတ်တာ အေးဆေး”

ထိုစကားကိုကြားလျှင် ဦးမောင်က ဘာမှဖြစ်မသွားပေမယ့် သူ့ရင်ဘက်မှာတော့နာကျင်မှုက အဆတစ်ရာမက။ သက်ပြင်းပါ တိတ်တ်လေးချနေမိပြန်၏။ ဆိုးလည်းဆိုး သနားလည်းသနားစရာလေးပါလား မင်းက။

“ဒါနဲ့လေ ကျွန်တော် သိချင်တာတစ်ခုရှိတယ်”

“ဘာကိုလဲ”

“ခင်ဗျားလက်ကို ကျွန်တော်မလုပ်ခဲ့ဘူးနော်”

ဟုတ်တာပေါ့ ထိုနေ့က သူကိုယ်တိုင်သူ့လက်ကို လုပ်ခဲ့မိတာ ဒါကိုအားလုံးက ဦးမောင်လုပ်ခဲ့သည်ဟုသာ သူပြန်ကြားခဲ့ရသေးသည်။

ချစ်မှရမယ် (Complete)Where stories live. Discover now