PART 4❣️(Uni/Zaw)

Start from the beginning
                                    

  အကယ်၍ သူ့ရင်ခုန်သံအစစ်က Mulletခွေးသားလေးသာ အစစ်အမှန်ဖြစ်နေရင်ရော သူဘယ်လိုလုပ်ရမလဲ။

"ကိုကြီး"

"ဟင် ကိုကိုလေး...."

  ကိုကိုလေးခေါ်သံကြောင့် သောက်လက်စစီးကရက်ကိုပြာတောက်လိုက်ပြီး ခုံဘက်ကိုမေးဆက်ပြ၍ထိုင်စေ၏။

"မျက်နှာလည်းမကောင်းဘူး...  နေမကောင်းဘူးလား၊ ဘာဖြစ်နေလဲဟင် နေ့လယ်က မမSweetနဲ့ တွေ့တဲ့ကိစ္စကြောင့်လားဟင်"

"မဟုတ်ပါဘူး... ကိုကြီး အလုပ်ကိစ္စစဉ်းစားနေတာ. မအိပ်သေးဘူးလား"

"ဟင့်အင်း... ကိုယအခုထိပြန်မရောက်သေးလို့ စောင့်နေတာ"

"လာ ဒီမှာထိုင်"

"ဟုတ်"

  ကိုကြီးဘေးကို ထိုင်လိုက်သောအခါ ကိုကိုသည် ကိုကြီးပခုံးကိုမှီနွဲ့ကာ .....

"ကိုကြီး ဒီအိမ်ကိုပြန်မလာတာ 13နှစ်ရှိပြီနော်"

"ကိုကြီးက ရန်ကုန်အိမ်ကိုပဲ သံယောဇဉ်တွယ်တာကိုး.....
ပြန်မလာခင်တုန်းက ဒီ‌နေရာကိုစိမ်းသက်‌သလိုခံစားရတယ်ဆိုပေမယ့် အခုပြန်လာတော့လည်း အရင်အတိုင်းပါပဲ၊ ကိုကြီးနဲ့ ကိုကိုလေးတို့ ‌ငယ်ငယ်တုန်းက ဆော့ကစားကြတဲ့ပုံရိပ်တွေကို ပြန်မြင်လာရောပဲ"

"အဟီး...."

  နှစ်ယောက်သား အတိတ်တအချို့ကို ပြန်မြင်ယောင်လာလျှင် ပြိုင်တူကြည်နူးသွားရသညိ့ထိဖြစ်၏။

  ထိုအခါ ကိုကို့ဆီက စကားကြောင့် သူအံ့ဩသွားရသည်။

"မောင်ကလေ ကိုကြီးနဲ့ သူယောက်ဖတော်ရတော့မှာဆိုပြီး ကိုကို့,လာကြွားသေးတယ်သိလား"

"သူကိုကိုလေးကို လှမ်းပြောတယ် ဘာလို့လဲ"

"အွမ် မောင်က ကိုကို့သူငယ်ချင်းလေ ကိုကြီးနဲ့ ဘယ်လိုသိသွားလဲ"

"ဟိုတစ်လောက Cosmoမှာတွေ့ကြတာ... သူနဲ့တွေ့ရင် ဝေးဝေးနေ ကိုကိုလေး၊ သူ့အပြုအမှုတွေ စကားပြောဆိုပုံတွေကို ကိုကြီးမကြိုက်ဘူး‌၊ မင်းယလည်း ကြိုက်မှာမဟုတ်ဘူး"

"ဘာလို့လဲ မောင်က စိတ်ရင်းကောင်းပါတယ်"

"လက်ရဲဇက်ရဲနဲ့ "

ချစ်မှရမယ် (Complete)Where stories live. Discover now