လင်ရှုယီတစ်ယောက် အလျင်အမြန်ပင်ခါးမတ်ကာရှေ့တူရူသို့ကြည့်မိရပါချေတော့၏။

"မြန်မြန်ပြန်ရအောင်။ နေ့ခင်းကျရင် ကျွန်တော်တို့ ကလေးတွေကို အပြင်မှာကစားဖို့ခေါ်ရဦးမယ်လေ။"

ရှန်ဖူက အရေးမစိုက်စွာပင်ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး။ ပြီးတော့ ကိုယ့်မိဘတွေက ဒီနေရာနဲ့အရမ်းရင်းနှီးတယ်။"

ရှန်ဖူက ကားကိုလမ်းဘေးချရပ်ဖို့နေရာတစ်ခုရှာနေတာကိုမြင်သည်၌ လင်ရှုယီ ပျာယာခတ်သွားသည်။

"လျှောက်မလုပ်နဲ့တော့၊ မြန်မြန်ပြန်ရအောင်။"

သူတို့ ကမ်းခြေမှာတုန်းက သူတို့ရဲ့ချစ်စိတ်တွေကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ဒါက လူအတော်‌များများရဲ့အာရုံကိုဆွဲဆောင်သွားခဲ့သည်။ ကားထဲမှာရှိနေတုန်း သူ လူတွေဝိုင်းအုံနေတာထပ်မခံလိုတော့ပါချေ။

ရှန်ဖူတစ်ယောက် လင်ရှုယီရဲ့အထိတ်ထိတ်အပျာပျာဖြစ်နေတဲ့ပုံစံကိုကြည့်ရင်း ဝါးလုံးကွဲရယ်မိရကာ သူ့ကို မစတော့ချေ။ တကယ်တမ်းတော့ ဒီလိုပွင့်လင်းတဲ့နိုင်ငံမျိုးမှာ ကားထဲမှာနမ်းတာမဆိုထားနဲ့၊ စောစောက သူတို့လုပ်ခဲ့ကြသလိုမျိုး လမ်းပေါ်မှာနမ်းကြရင်တောင် ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူးလို့ ရှန်ဖူက ပြောပြချင်ခဲ့တာဖြစ်၏။ လူအုပ်ကြီးက သူတို့ကို ပိုပြင်းပြင်းနမ်းဖို့ပဲပြောမှာဖြစ်သည်။

ရှန်ဖူနဲ့လင်ရှုယီတို့ အိမ်ပြန်ရောက်ချိန်မှာ အားလုံးက မနက်စာစားနေကြသည်။ သူတို့က ရှန်ဖူတို့ကို သိပ်မကြာခင်ပြန်လာမယ်လို့ထင်ထားပုံမရချေ။ ထို့အတွက် မေမေရှန်က တမင်တကာမေးလာ၏။

"မင်းတို့ ဘယ်သွားကြတာလဲ? ဘာလို့ ဒီလောက်မြန်မြန်ကြီးပြန်လာကြတာတုန်း?"

လင်ရှုယီက သူ့ဘယ်လက်ကို အိတ်ကပ်ထဲထိုးထည့်လိုက်ကာ အရေးမထားဟန်လုပ်သည်။ ရှန်ဖူက ကြိတ်ရယ်ရင်းဆို၏။

"ကျွန်တော်တို့ စန်တာမိုနီကာကမ်းခြေကိုသွားပြီးနေထွက်တာကြည့်ကြတာ။"

မေမေရှန်က ဂရုမစိုက်ပါချေ။

"မနက်စာစားပြီးကြပြီလား?"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now