Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Start from the beginning
                                    

ရုပ်သေးမြို့တော်၏ နံရံများအားလုံးမှာ ပြိုကျပျက်စီးနေခဲ့သည်။ မီးခြစ်ဆံရုပ်သေးရုပ်လေးတစ်ရုပ်မှာ အပျက်အစီးများကြား၌ ရပ်လျက်ရှိနေလေ၏။ တပ်သားတစ်စုမှာ မီးခြစ်ဆံရုပ်သေးရုပ်အား သေနတ်များဖြင့် ချိန််ထားကြပြီး၊ ကွမ်းလင်မှာတော့ သူမ၏ ဘေး၌ရှိနေကာ 'မွဲပြာကျမိသားစု' မူလစွမ်းရည်ကို အသုံးပြု၍ ရုန်းကန်လျက် ကူညီပေးနေလေ၏။

ရှင်ယဲ့တို့အဖွဲ့ရောက်လာသည်ကို မြင်သည့်အခါ၊ ကွမ်းလင်က ကျယ်လောင်စွာ အော်ပြောလိုက်လေသည်: "ဘော့စ်၊ ကယ်ပါဦး။​ မြို့ပိုင်က ငါတို့ရဲ့ စကားကို မယုံဘူး။ ချောင်ချန့်က အကြမ်းပတမ်းနဲ့ မြို့နံရံကို ဖြိုချလိုက်တယ်။ ငါ့ရဲ့ မူလစွမ်းရည်ကလည်း အချိန် တစ်မိနစ်ပဲ ကျန်တော့တာ!"

ရှင်ယဲ့: "....."

ချောင်ချန့် အကွက်တွေက လှနေပြီပင်။

ချောင်ချန့်ခန္ဓာကိုယ်နှင့်တော့ အဲ့လောက် ခွန်အားကြီးမည်မဟုတ်ပေ။ 'ပြောင်မြောက်သောလက်သီး' ကို အသုံံးပြု၍ ရုပ်သေးမြို့တော်၏ နံရံများကို အလုံးစုံ ဖြိုဖျက်လိုက်သည်သာ ဖြစ်နိုင်လေသည်။ တိုက်ခိုက်မှုမှာ အမှန်တကယ် ကြမ်းတမ်းလှသည်။

"ဘန်းနဒစ်ပဲ!" အရပ်မြင့်မြင့် တပ်သားတစ်ယောက်က ရုတ်တရက် အော်ပြောလာလေ၏။ "သူတို့ ကားပေါ်မှာ တင်လာတဲ့ သူက ဆရာကြီးဘန်းနဒစ်ပဲ!"

"ဘာ? ဆရာကြီး? တကယ် ဆရာကြီးလား?"

"ဆရာကြီးက ရုပ်သေးမြို့တော်ကနေ ထွက်သွားတာ နှစ် ၃၀လောက်ရှိပြီ မဟုတ်ဘူးလား?"

"ငါကြားတာတော့ ဆရာကြီးက ငါတို့ကို စိတ်ပျက်သွားလို့၊ ရုပ်သေးမြို့တော်ကို စွန့်ပစ်သွားတာဆို"

"မြို့ပိုင်ပြောတာကတော့၊ အဲ့တုန်းက ရုပ်သေးမြို့တော်ရဲ့ အခြေအနေတွေက အရမ်းပရမ်းပတာဖြစ်နေတော့ နေရာတိုင်းမှာ သူခိုးတွေ ဓားပြတွေချည်းပဲတဲ့။ ဆရာကြီးဘန်းနဒစ်က သခင်လေးအတွက် ပြင်ပေးထားတဲ့ ရုပ်သေးရုပ်ရဲ့ ခြေထောက်ကို တစ်ယောက်ယောက်က ကျိုးအောင်လုပ်မိလိုက်တယ်တဲ့။ အဲ့ဒီကိစ္စကြောင့် ဆရာကြီးက လုံးဝစိတ်ကုန်သွားပြီး၊ ရုပ်သေးမြို့တော်ကနေ ထွက်သွားတာလို့ ပြောတာပဲ"

You've reached the end of published parts.

⏰ Last updated: Apr 27, 2023 ⏰

Add this story to your Library to get notified about new parts!

High Energy QR Code [ Myanmar translation ]Where stories live. Discover now