Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း

1.6K 327 16
                                    

                      
                        
                          Volume 2

ငါ့ခေါင်းကို ဘယ်သူ ယူသွားတာလဲ

       
(Unicode)


ရှင်ယဲ့ တစ်မနက်လောက်သာ အနားယူလိုက်ပြီးနောက် နိုင်ငံခြားသို့ အမြန်ဆုံး လေယာဉ်စီးကာ သွားရလေသည်။ သူညီလေး၏ စျာပနပွဲအတွက် အလုပ်တွေအကုန်လုံးကို သူ၏ လက်ထောက်ဆီသို့သာ အပ်ခဲ့ခြင်းဖြစ်သည်။ အခု စာချုပ်လက်မှတ်ထိုးရမည့်အချိန် ရောက်လာသည့်အခါမှာတော့  သူမသွားလို့ မဖြစ်တော့ပေ။

သူက ကိုယ့်စိတ်တိုင်းကျ လုပ်ချင်ရာလုပ်နိုင်သည့် အရွယ်ကို ကျော်လွန်သွားခဲ့ပြီပင်။ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ နောက်နေ့မှာ ကောင်းကင်ကြီး ပြိုကျတော့မယ် ဆိုရင်တောင်မှ ဒီနေ့လုပ်ရမည့် အလုပ်ဟူသမျှကို ပြီးမြောက်အောင် လုပ်ဆောင်ရမှာသာဖြစ်၏။

နိုင်ငံတကာနှင့် ပူပေါင်းလုပ်ကိုင်ရသည့် ကုမ္ပဏီများမှာ အရင်းအနှီးများစွာ စိုက်ထုတ်ရလေသည်။ သူ့မှာ အသက်ရှူဖို့ အချိန်တောင်မရှိပေ။

လေယာဉ်ပေါ်မှာ နာရီအနည်းငယ်လောက် မှေးလိုက်ပြီးနောက်တွင်မူ၊ အလုပ်သို့သွားကာ နိုင်ငံခြားအလုပ်ကိစ္စများကို လေးရက်တိုင်အောင် လုပ်ကိုင်ရလေ၏။ ပြီးသည့်အခါ သတ်မှတ်ရက် ခုနစ်ရက်မကျော်မီ တရုတ်သို့ အမှီပြန်လာရသည်။

အိမ်သို့‌ရောက်သည့်အခါမှာတော့ ခုတင်ပေါ်သို့သာ လှဲချလိုက်တော့သည်။ ရှင်ယဲ့ မျက်လုံးများကို မှိတ်ကာ အနားယူလိုက်၏။ သတ်မှတ်ချိန် မနက်စောစောမရောက်ခင် နှစ်နာရီခန့်လိုသေးရာ ထိုအချိန်တွင် သူ ခဏအိပ်ဖို့တော့ လိုအပ်လေသည်။

နှိုးစက်တောင်မလိုဘဲ ၁နာရီ ၂၉မိနစ်အတိမှာပင် ရှင်ယဲ့ သူ့မျက်လုံးများကို အချိန်ကိုက်ဖွင့်လိုက်သည်။ ဖုန်းမှာလည်း အချိန်အတိအကျပင် အဖြူအနက်ရောင်သို့ ပြောင်းသွားပြီး၊ “ဂိမ်းထဲသို့ ဝင်ရောက်ရန် ရွေးချယ်ပါ” ဆိုသည့် သတိပေးချက် ပေါ်လာလေ၏။ ရှင်ယဲ့လည်း ဝင်ရောက်မည်ကို နှိပ်လိုက်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now