Chapter 2 _ ကံကောင်းခြင်း

3.2K 489 18
                                    


(Unicode)

ဤထူးဆန်းသော ကမ္ဘာကြီးတွင် အင်တာနက်လိုင်း မရသော်လည်း၊ QR codeကိုတော့ scanဖတ်၍ ရနိုင်သည်။

ရှင်ယဲ့ ထို QR codeအား ဖုန်းဖြင့် scan မဖတ်ခင် စိတ်ထဲကနေ အလွတ်မှတ်သားလိုက်သည်။ scan ဖတ်ပြီးနောက် အချက်အလက်များပါဝင်သော စာမျက်နှာတစ်ခုပေါ်ထွက်လာသည်။ ခုနလေးတင် အဖြူအနက်ကုဗတုံးက ပြောပြခဲ့သည့် ရှင်ယဲ့၏ ကိုယ်ရေးအချက်အလက်များပင်ဖြစ်၏။

တကယ့်ကမ္ဘာတွင် QR codeတစ်ခုကို သတင်းအချက်အလက်များ မျှဝေရန်၊ linkများ ရှယ်ရန်၊ ကုန်ပစ္စည်း ကြော်ညာရန်၊ တစ်ဆင့်ပို့ဆောင်ရန်၊ ငွေချေရန်တို့အတွက် အသုံးပြုကြသည်။ စာလုံး‌ရေကိုတော့ မျှဝေဖို့ အများဆုံး လေးရာကနေ ငါးရာအထိ ကန့်သတ်ထားသည်။ သူ အခု scan ဖတ်လိုက်သည့် QR codeမှာ ဤကမ္ဘာတွင် ကစားသူ၏ အချက်အလက်များကို ဖော်ပြသော QR code သာဖြစ်ပြီး၊ သူ အိပ်မက်ထဲတွင် တွေ့ရှိခဲ့သော QR code မှာ linkတစ်ခု ဖြစ်ဟန်တူသည်။

အခုအချိန်မှာ ရှင်ယဲ့ သုံးသပ်နိုင်သည့် တစ်ခုတည်းသော အရာက၊ ဒီနေရာအကြောင်း အတွင်းကျကျ နားလည်အောင် လုပ်ပြီး၊ သူ့ညီလေး၏ သေဆုံးမှုက တကယ်ပဲ ဒီကမ္ဘာနှင့် သက်ဆိုင်မှု ရှိမရှိကို ဂိမ်းထဲတွင် ပါဝင်ကစားရင်း ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးသွားဖို့ဖြစ်သည်။

သူ အစကတည်းက ရှင်ရှော့မှာ သာမန်ရိုးကျသေဆုံးသွားသည် ဆိုတာကို လုံးဝ မယုံကြည်ခဲ့ချေ။ သူ့ရဲ့အလိုလိုသိစိတ်က ဒီနေရာမှာ အမှန်တရားကို ရှာတွေ့နိုင်လိမ့်မည်ဟု ပြောနေလေသည်။

အဲ့လိုဆိုမှတော့ ဒီဂိမ်းထဲတွင် တက်ကြွစွာ ပါဝင်ကစားရတော့မည်ပင် ဖြစ်၏။ ရှင်ယဲ့ ဖုန်းကို ကြည့်နေရာမှ အကြည့်လွှဲလိုက်ကာ အဖြူအနက်ကုဗတုံးကို မေးလိုက်သည်။

"ခင်ဗျား ခုနက အုပ်စုတွေလို့ ပြောသွားတယ်မလား။ အဲ့တာဆို ဒီဂိမ်းက PVP ဖြစ်မှာလား?"

အဖြူအနက်ကုဗတုံးက ပြန်ဖြေလေ၏။

"မှန်တယ်။ ဂိမ်းထဲက ကမ္ဘာတွေအကုန်လုံးက ပြိုင်ပွဲ အမျိုးအစားတွေပဲ။ ဒါပေမဲ့ ကစားသူအသစ်တွေအတွက် သက်ညှာပေးတဲ့ စည်းကမ်းချက်တွေအရ၊ ပထမဆုံးကမ္ဘာက အငယ်တန်းကမ္ဘာဖြစ်ပြီး ပါဝင်ကစားမယ့် လူဦးရေကိုလည်း ၄ယောက်အထိပဲ ကန့်သတ်ထားတယ်။"

High Energy QR Code [ Myanmar translation ]Where stories live. Discover now