Chapter 64 _ နံပါတ် S

781 184 4
                                    


(Unicode)

"အဲ့လိုကိုး" ရှင်ယဲ့ ဦးနစ်ခ်၏ စကားကို ကြားရပြီးနောက်မှာ တော်တော်များများကို နားလည်သဘောပေါက်သွားလေတော့သည်။ "ဒါဆို ဆရာကြီးဘန်းနဒစ်က သူ့သားရဲ့ ရုပ်သေးရုပ်ကို လုပ်ခဲ့သေးလား?"

"အဲ့တာတော့ သေချာမသိဘူး" ဦးနစ်ခ်က ခေါင်းခါလိုက်၏။ "ဆရာကြီး ဘန်းနဒစ်က အဲ့နောက်ပိုင်း အလုပ်ရုံမှာပဲ သူ့ကိုယ်သူ ပိတ်လှောင်ပြီးနေနေတာ။ ငါ့ကိုလည်း သူလုပ်ထားတဲ့ ရုပ်သေးရုပ်တွေကို မထိခိုင်းတော့ဘူး။ ငါလည်း အဲ့ဒီအချိန်အတောအတွင်း သူ ရုပ်သေးရုပ် အသစ်တွေ လုပ်ခဲ့မလုပ်ခဲ့ မသိဘူး"

ရှင်ယဲ့က ဆို၏: "ဟုတ်ပြီ။ ကျွန်တော် အကုန် နားလည်သွားပြီ။ နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု မေးချင်တာက၊ ကျွန်တော် ကူညီပေးနိုင်တဲ့ ကိစ္စတွေရှိလား ဆိုတာပါပဲ"

"ဟမ်? မင်းက ငါ့ကို ကူညီမယ်? ငါတို့ရဲ့ အကြွေးတွေက ကျေသွားပြီလေ" ဦးနစ်ခ်က တွေးရခက်စွာ ဆိုလိုက်လေ၏။

ရှင်ယဲ့: "အကြွေးဆပ်ပြီးပေမဲ့၊ ဦးလေးက ကျွန်တော့်ကို ဒီလောက်နှစ်တွေအကြာကြီး ကူညီစောင့်ရှောက်ပေးခဲ့တာဆိုတော့ ကျွန်တော် အရမ်း ကျေးဇူးတင်တယ်။ ဦးလေးကို ကူညီပေးနိုင်ဖို့လည်း မျှော်လင့်တယ်။ ပြီးတော့ ကျွန်တော်ကလည်း ရုပ်သေးရုပ်ကိုယ်ထည်အသစ် လဲချင်နေတယ်ဆိုတာ ဦးလေးသိပါတယ်။ တကယ်လို့ ဆရာကြီးဘန်းနဒစ်ကိုသာ ရှာတွေ့ခဲ့မယ်ဆိုရင်။ ကျွန်တော့်အတွက်လည်း မျှော်လင့်ချက် ရှိတာပေါ့။ အဲ့ဒါကြောင့် ဦးလေးရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကျွန်တော် ကူညီပေးချင်တယ်။  ဦးလေးနဲ့ ဆရာကြီးကလည်း အရမ်းရင်းနှီးကြတယ်ဆိုတော့၊ သူ ကျွန်တော့်ကို ကူညီပေးရင်ပေးမှာပေါ့"

သူက ထိုသို့ ပြောလိုက်မှ ဦးနစ်ခ်က ယုံကြည်သွားတော့သည်။ ဒီနှစ်ကာလများထိတိုင်အောင် ရုပ်သေးမြို့တော်ထဲမှာ ကိုယ်ကျိုးမကြည့်သည့် ရုပ်သေးရုပ် ဘယ်မှာမှ မရှိခဲ့သည်ကြောင့်၊ ရှင်ယဲ့၏ ရည်ရွယ်ချက်က သူ့ကို အနည်းငယ် စိတ်အေးစေသွားသည်။

ရှင်ယဲ့က ထပ်ဖြည့်ပြောလိုက်လေသည်: "ဒါပေမဲ့ တစ်ခုပြောချင်တာရှိတာက၊ ကျွန်တော်တို့ ဒီတစ်ခေါက် ထွက်ပြေးလို့ရနိုင်ခဲ့တာ မြို့ပိုင်က လွှတ်လိုက်တဲ့ တပ်သားတွေကြောင့်ပဲ။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ အင်အားနဲ့ဆို စက်ရုပ်အမျိုးအစားအသစ်တွေနဲ့သာ ထပ်ကြုံရရင် သေချာပေါက် သေမှာပဲ"

High Energy QR Code [ Myanmar translation ]Where stories live. Discover now