Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း

1.8K 378 11
                                    

           
(Unicode)

မှန်က ယခုကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု ရှင်ယဲ့တောင်မှ မထင်ထားခဲ့ချေ။ ပုံမှန်ဆို ကိုယ့်ရဲ့ သရုပ်မှန်ကို တခြားလူတစ်ယောက်ဆီမှာ ထုတ်ဖော်ခံရတယ်ဆိုရင် အဲ့ဒီလူရဲ့ ရင်ခွင်ကြားထဲကို ပြေးပုန်းရမယ့်အစား ထွက်ပြေးသွားရမှာမလား?

သူ မှန်ကို လက်ကိုင်ကနေ ဆွဲထုတ်လိုက်ပြီး၊ မှန်က တော်တော်လေး သန်မာသားပဲဟုတွေးလိုက်၏။

မှန်ကို စကားပြောဖို့ လုပ်လိုက်သောအခါ မှန်ပေါ်တွင် အနီရောင်အလင်းတန်းနှင့် စာလုံးများကို တွေ့လိုက်ရသည်။

“အား! အကောင်တွေ!”

အနီရောင် အလင်းတန်း…. မျက်နှာရဲနေတာလား? သူ့ရင်ဘတ်ကြားထဲကို ဝင်ပုန်းတာက အကောင်တွေကို ကြောက်လို့တဲ့လား?

သူ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ခံရတာထက် အင်းဆက်တွေက ပိုကြောက်ဖို့ကောင်းနေတာလား?

ရှင်ယဲ့ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ဒါက ဘာလုပ်ရမှန်းမသိတော့သလို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ သံသဃတွေအတွက် အဖြေများကို မှန်ဆီက ကြားချင်သေးသော်လည်း၊ မှန်မှာ ပရမ်းပတာဖြင့် စိတ်ရှုပ်ထွေးနေတာကို မြင်ပြီး မေးခွန်းများ ဆက်မမေးနိုင်တော့ချေ။

သူကသာ ဆက်မေးနေမယ်ဆိုလျှင် မှန်မှာ ဒီနေရာမှာပဲ ပေါက်ကွဲထွက်သွားနိုင်သည်။

ရှင်ယဲ့ အခု ဇာတ်ကြောင်းနှင့် ပတ်သက်ပြီး အကြံအဉာဏ်အချို့ ရသွားပြီဖြစ်သည်။ ရှင်ယဲ့ မှန်ကို သူ့ရင်ဘတ်ကြားထဲတွင် ကူဝှက်ပေးလိုက်ပြီး အကောင်တွေမလာနိုင်အောင် အပေါ်က ဝတ်ရုံပါထပ်ခြုံပေးလိုက်၏။

တကယ်တမ်း သူကသာ အားလုံးထက်ပိုပြီး စိတ်ပူပန်နေရတာဖြစ်သည်။ ရှင်ယဲ့အတွက်တော့ ဒီဂိမ်းကို နိုင်တာက ဂိမ်း၏ အကျိုးသက်ရောက်မှု တစ်ခုသာဖြစ်ပြီး၊ သူ့ညီလေး၏ သေဆုံးမှုကို စုံစမ်းဖို့ကသာ ယခုအချိန်တွင် အရေးအကြီးဆုံးအရာဖြစ်သည်။ အစေခံအမျိုးသမီးကြီး ပြောသည့်စကားများ၊ သို့မဟုတ် မှန်ရဲ့ သရုပ်မှန်အရ၊ ဒီဂိမ်းမှာ လူတွေကိုတော့ သတ်မပစ်ဘူးလို့ပြောနိုင်လေသည်။ အဲ့လိုဆို ဘာကြောင့် သူ့ညီ ရှင်ရှော့က ထူးထူးဆန်းဆန်း သေသွားရတာလဲ?

High Energy QR Code [ Myanmar translation ]Where stories live. Discover now