Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား

1.3K 306 14
                                    

(Unicode)

ညဉ့်နက်နေပြီဖြစ်သော်လည်း ရှင်ယဲ့ အိပ်ရာမဝင်သေးချေ။ သူ့မှာ အချိန်သုံးရက်သာ ရှိသည့်အတွက်၊ အချိန်နှင့်အမျှ ပြေးလွှားလှုပ်ရှားနေရမှာသာဖြစ်သည်။

ထို့ကြောင့် ခုတင်ပေါ်မှာ လှဲနေရင်းဖြင့် ဖုန်းကို ဖွင့်ကြည့်လိုက်၏။ Systemနှင့် ပတ်သက်သော အရာများကို ဖယ်ရှောင်လျက်၊ ဒီခန္ဓာကိုယ်နှင့် ပတ်သက်သည့် အချက်အလက်များကိုသာ အာရုံစိုက် ကြည့်နေလိုက်သည်။

ခဏအကြာလောက် ကြည့်နေရာမှ​ တခစ်ခစ်ရယ်မောကာ၊ မှန်ကို ပြောလိုက်လေ၏: "ငါ့မှာ ဘာအထူးစွမ်းရည်မှ မရှိဘူးလို့ ဘယ်သူပြောလဲ? ဒီ ကိုယ်ပိုင် စွမ်းရည်က စူပါပါဝါတွေကိုတောင် တိုက်ထုတ်နိုင်တယ်"

"ဘာဖြစ်တာလဲ?" မှန်မှာ အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက်၊ အားသွန်ခွန်စိုက်ဖြင့် ခေါင်းအုံးပေါ်သို့ ခုန်ပျံလိုက်ကာ၊ ရှင်ယဲ့ဖုန်းကို စိတ်ဝင််တစား လိုက်ကြည့်လေတော့၏။

ရှင်ယဲ့ ဖုန်းထဲရှိအကြောင်းအရာအား မှန်ကို ပြလိုက်သည်။ ထိုအရာမှာ မူလပိုင်ရှင်၏ ဘဏ်အကောင့်ဖြစ်နေသည်ပင်။ ဂဏန်းများနောက်တွင် သုညပေါင်းများစွာက စီတန်းလျက် ရှိနေသည်။ အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ဆိုလျှင် ပမာဏအလွန်များသည့် ပိုက်ဆံဟု ဆိုရပေမည်။

"ဪ၊ အဲ့လောက်လည်း မများပါဘူး" မှန်မှာ အထင်အမြင်သေးစွာ ပြောလေ၏။ "တကယ့်ကမ္ဘာမှာဆို ငါလည်း အရမ်းချမ်းသာတာပဲ"

"တိုက်ဆိုင်လိုက်တာ၊ ငါကောပဲ" ရှင်ယဲ့ လက်ချောင်းဖြင့် မှန်ကို တို့လိုက်သည်။

"ဟမ်း၊ ငါ့လောက်တော့ ချမ်းသာမှာ မဟုတ်ပါဘူး" မှန်မှာ ဆက်လက်ပြီး အောက်ကျမခံ ဆိုလေ၏။

မှန်မှာ ဂုဏ်ဖော်တတ်သည့် အကျင့်ရှိပြီး၊ တစ်ခုခုဆို မကြွားရရင် မပျော်မရွှင်ဖြစ်တတ်တာကို သိနေသည့်အတွက် သူ့ရှေ့မှာ ပိုက်ဆံရှိကြောင်း လာကြွားသည်ကို သိပ်အမှုမထားပေ။ သို့သော် ဆိုလိုက်၏:

"မင်းလည်း ပိုက်ဆံရှိတယ်ဆိုတော့ ငွေရဲ့ ပါဝါကို သိမှာပဲမလား? ငါ့မှာ စူပါပါဝါတွေ မရှိရင်တောင် ပိုက်ဆံတွေရနိုင်တဲ့ အစွမ်းရှိတယ်"

High Energy QR Code [ Myanmar translation ]Where stories live. Discover now