Chapter 21 _ လူဦးခေါင်း

1.3K 311 9
                                    


(Unicode)

ဝူယွီအဝေးသို့ ပြေးထွက်သွားသည်ကို ရှင်ယဲ့ မျက်မှောင်ကြုတ်လျက် ကြည့်နေလိုက်သည်။ ဝူယွီက သူတို့ကို စမ်းသပ်နေတာလား၊ ဒါမှမဟုတ် NPC တစ်ယောက်ရဲ့ ရှေ့မှာ ကစားသူသရုပ်မှန်ကို ထုတ်ဖော်ပြရတဲ့အထိကို တုံးတာလား?

အကယ်၍ ရှေ့ကတစ်ခုသာ ဆိုလျှင်၊ ဝူယွီတွင် သေချာပေါက် တွဲဖက်များ ရှိရမည်။ သူတို့ထဲက တစ်ယောက်က လူရှေ့တွင် ကျန်ကစားသူများ၏ အာရုံစိုက်မှုကို ရအောင်လုပ်ရန် တာဝန်ယူထားလိမ့်မည်။ ထိုအချိန်တွင် ကျန်တစ်ယောက်က ပုန်းကွယ်နေကာ အကျိုးအမြတ်များကို နောက်ကွယ်မှနေ၍ အရယူလိမ့်မည်။ နောက်ကတစ်ခုသာ ဆိုလျှင်တော့၊ ဝူယွီက မှန်လိုမျိုး ကံကောင်းတဲ့သူ၊ ဒါမှမဟုတ် သန်မာပြီး မရေမတွက်နိုင်သော အထူးစွမ်းရည်များရှိသည့် သူလည်းဖြစ်နိုင်သည်။

ထို သုံးမျိုးလုံးကတော့…. ရင်ဆိုင်ရ လွယ်ကူမနေချေ။

ရှင်ယဲ့ တစ်စက္ကန့်တောင်မကြာဘဲ အခြေအနေကို ဝေဖန်ပိုင်းခြားနိုင်ခဲ့သည်။ ထို့နောက် ဝူယွီအား အမှီလိုက်ရန် A နဲ့ C ကို ဆွဲခေါ်လိုက်ကာ၊ နောက်ကို လိုက်နေရင်းဖြင့်ပင် အော်လိုက်လေ၏: “လောင်ဝူ၊ ကစားသူဆိုတာ ဘာကိုပြောတာလဲ? ဒီမှာ ဘာတွေဖြစ်နေတာလဲ? ငါတို့ မိန်းကလေးတွေကို ချောင်းဖို့ ရောက်လာတာ မဟုတ်ဘူးလား?”

ဒီလို ထူးထူးဆန်းဆန်းနေရာကြီး၌ ကျောင်းသား Aနဲ့ Cမှာ လုံးဝကို ခွဲမနေရဲကြပေ။ သူတို့လည်း ရှင်ယဲ့နှင့်အတူ အပြေးလိုက်လာပြီး၊ အော်လေတော့၏:  “လောင်ဝူ လောင်ဝူ၊ တစ်ယောက်တည်း မသွားနဲ့လေ။ တစ်ယောက်တည်းရှိနေတာက သရဲကားတွေထဲမှာဆို သေရမယ့် လော့ဂျစ်တွေထဲက တစ်ခုဆိုတာ မင်း မသိဘူးလား​?

ထိုနောက်လိုက်သုံးယောက်က ဝူယွီကို အတင်းတွယ်ကပ်နေကြသည်။ ချောင်ချန့်က လေးလွှာတွင် ရှိသော အခန်းများအားလုံးကို စစ်ဆေးကြည့်ပြီးသည့်အချိန်၊ ဝူယွီမှာတော့ သူ၏ အပေါင်းအဖော်သုံးယောက်ထံမှ ဆွဲထားခံနေရသည်။ သူက အလွန် ဒေါသထွက်လာပြီး၊ ကျောင်းသား A ကို ကန်ကာ အော်ငေါက်လိုက်လေသည်: “ငါ့ကို လွှတ်စမ်းပါ။ ဒီလိုထူးဆန်းနေရာကို ဝင်လာတဲ့ သာမန်လူတွေကတော့ သေချာပေါက်သေရမှာပဲ။ ငါ့ကို ဆွဲမချစမ်းနဲ့!”

High Energy QR Code [ Myanmar translation ]Where stories live. Discover now