Part 12💖

442 55 13
                                    

ချစ်ကြိုးလေးသွယ်
Part 12
------------
လေထုကတိတ်ဆိတ်ငြိမ်သက်နေသလို မည်သူမျှတစ်ခွန်းမှဝင်မပြောကြပါ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်
နဲ့ပဲ အချိန်တွေကတရွေ့ရွေ့ကုန်နေလျက် ဘယ်သူ့မှလည်းစကားမစသေးဘူးဘယ်ကနေဘယ်လိုစပြောရမလဲတောင်
မသိဘူး အိမ်တော်ထိန်းကြီးရှိရင်တော့ကောင်းသား အိမ်မှာ အိမ်စောင့်မရှိလို့
ပြန်သွားလေပြီ ကွပ်ပျစ်ပေါ်မှာ ရွမ်လီရယ် ရှောင်းရယ် ရိပေါ်ရယ် ကျန့်ရယ်
ပဲထိုင်နေကြတယ်။

ရှောင်းကမေးချင်နေတာဘာလို့စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကို ရိပေါ်ပြောတော့ အကျိုးအကြောင်းကိုနားထောင်ကြည့်တဲ့လေ ဟိုကပါးစပ်ကိုပိတ်နေတာကို ဘယ်ကနေစရမှာလဲ သူကရောဘာပြောရမှာလဲ။

"လှလှပပလေးကြီးပြင်းလာခဲ့တာပဲ"

နောက်ဆုံးတော့ ရွမ်လီဘက်ကပဲ စကားစလိုက်ရသည် သူမစကားမစရဲတာ
က ရှောင်းကခုနကလိုမျိုးအပြုအမူထပ်လုပ်ရင်သူမ မခံစားနိုင်လွန်းလို့ပါ
ရှောင်းက ဘာမှပြန်မပြောဘူးလို့ထင်ခဲ့ပေမဲ့လည်း အသိအမှတ်ပြုခေါင်းလေးတော့ငြိမ့်ပြလိုက်တယ်။

"တောင်း..တောင်းပန်ပါတယ် မားမှာ အဲ့ဒီစကားကလွဲပြီးပြောစရာစကားမရှိပါဘူး"

"အဲ့တာဆို...အဲ့တာဆိုဘာလို့ ကျွန်တော့်ကို လာမခေါ်ခဲ့တာလဲ ကျွန်တော့်မှာ ဘယ်လောက်ထိကိုစိတ်ဆင်းရဲဒုက္ခခံရလဲဆိုတာရောသိရဲ့လား
ဟိုလိုမျိုး ကလေးတွေပျော်ပျော်ရွှင်ရွှင်ရီမောပြီး ပြေးလွှားဆော့ကစားနေတဲ့အချိန်မှာ ကျွန်တော်ကတော့အချိန်ပြည့်အခန်းထဲမှာပိတ်လှောင်ခံရပြီး အရိုက်ခံခဲ့ရတာ အဲ့တာကိုသိလား!"

"မား...တောင်းပန်ပါတယ်သားရယ်..."

ရှောင်းဘာမှမပြောတော့ပါ သူမကသာတောင်းပန်နေတာ အကြောင်းပြချက်
လိုချင်တယ် သူ့ကြတော့စွန့်ပစ်ပြီးတော့ ဒီ ကျန့် ဆိုတဲ့သူကိုကြတော့ဘာလို့မွေးခဲ့တာလဲဆိုတာ...။

"မားလေ...သားကိုရယူဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ မင်းပါးက အိမ်ထဲတောင်အဝင်မခံပဲနဲ့ မောင်းထုတ်တာခံနေရတာ မားမင်းကြီးပြင်းလာတာလေးကို ချောင်းကြည့်ခဲ့ပါတယ်သားရယ် နောက်ဆုံးအကြိမ်လာကြည့်တော့ သားအရိုက်ခံနေရတာကို မားမကြည့်ရက်လို့ ဝင်တားဖို့လုပ်တော့ အိမ်ဝမှာတင် မင်းပါးက မားကို
ပါးရိုက်ပြီး တွန်းထုတ်လိုက်တယ် အဲ့ထဲကနေ မား ကို ဒီအိမ်အရိပ်နင်းရင်
သတ်ပစ်မယ်လို့ပါခြိမ်းခြောက်ခဲ့တာပါ မားရဲ့ခြေထောက်ကလည်း အရှင်းမပျောက်ပါဘူးသားရယ်"

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now