Part 33❤️

449 55 0
                                    

ချစ်ကြိုးလေးသွယ်
Part 33
--------------
ကြင်ယာတော်တင်မြှောက်ပွဲက မီးလောင်မူ့နဲ့ပဲပြီးသွားတာကြောင့်
အထမမြောက်ခဲ့ပါ မီးလောင်တိုက်သွင်းတဲ့သူတွေကိုပဲလိုက်ရှာနေ
ကြသည် ရှောင်းလည်းပျောက်နေတာကြောင့် သူတို့ဘက်ကိုတော့
လှည့်မလာပါ သူတို့ကအဆင်ပြေပါသေးတယ် ရှောင်းကိုပဲစိတ်ပူတယ် သူ၀မ့်ကိုများတွေ့ပါ့မလား ။
.
.
.
.‌
ရှောင်းမှာအနောက်ဘက်ပြည်နယ်ရောက်လာတာ ၂ရက်ကျော်ကျော်
လောက်ရှိပြီ အနောက်ဘက်ပြည်နယ်ကတော်တော်လည်းကြီးမား
တော့ ၀မ့်ကိုရှာတွေ့ဖို့ကမလွယ်ကူပေဘူး ခုံရုံးတွေလည်းလျှောက်စုံစမ်းကြည့်မိလို့ အော်ငေါက်ထုတ်ခံရတာ
အခုဆိုမရေမတွက်နိုင်အောင်ပင် ။

"ကျန့် ဒါမှမဟုတ် ရိပေါ် ပါလာရင်ကောင်းမှာပဲ သူတို့ဆိုကူညီပေးမှာ အခုဆိုတစ်ယောက်မှလည်းမရှိဘူး"

ဈေးထဲကိုရောက်လာတော့ကင်းလှည့်နေတဲ့ ရဲမက်နှစ်ယောက်ကို
တွေ့တယ် ရှောင်းချက်ချင်းပဲအကြံရသွားသည် ပြစ်မူ့လုပ်ရင်
ထောင်ထဲပို့တယ်ဆိုတော့ အဲ့မှာ၀မ့်ကိုတွေ့ရင်တွေ့နိုင်တာပဲလေ။

"ဒါဘယ်လောက်လဲ"

"ငွေ၃ယွမ်ပါ အကိုလေး"

"ပိုက်ဆံမပါဘူးနောက်မှယူ"

"ဟုတ်ကဲ့ရှင့်"

မဟုတ်ဘူးလေ ဒီလိုမျိုးဆို ကပ်ကပ်လန်အောင်ရန်တွေ့ပြီး ရဲမက်စီတိုင်ကြားရမှာ‌လေ အခုတော့ ဘာလဲကျေကျေနပ်နပ်ကြီး
ကိုထည့်ပေးလိုက်တာလား ။

"မိန်းကလေးမင်းဘာလို့ ဒီလောက်တောင်...."

"အောင်မလေး အကိုလေးရယ် ဒီကိုလေ တပ်မှူးအသစ်ရောက်လာပြီးထဲကိုကလေ ဒီမြို့ကလှပတဲ့မိန်းမယောကျာ်းမရွေးတွေ့ချင်လွန်းလို့ ထောင်ထဲသွားကြတာကြီးပဲ ဟုတ်တာလဲမဟုတ်ဘူး ကျွန်မလဲ
သူတို့ခိုင်းတဲ့အတိုင်း ရဲမက်တွေစီတိုင်ရလွန်းလို့ အာတောင်ခြောက်
နေပြီ "

"...."

"အော်...အကိုလေးကိုလည်းတစ်ခုပြောလိုက်ဦးမယ် မီးလောင်တာ
တွေလဲသွားမလုပ်နဲ့နော် အများစုက တပ်မှူးအသစ်ကိုတွေ့ချင်လွန်းလို့ ကိုယ့်အိမ်ကိုယ်တောင်မီးပြန်ရိူ့
တာ အိမ်၂၀လောက်ရှိနေပြီ  တပ်မှူးကအတွေ့ကိုမခံတာ"

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now