Part 30

404 55 2
                                    

ချစ်ကြိုးလေးသွယ်
Part 30
---------------
အခုတလော ကျန့်ရဲ့နောက်ကိုလိုက်ရမှာတောင်မှ ခပ်လန့်လန့်ဖြစ်
နေပြီ သူ့နောက်လိုက်ရင် ၀မ်နဲ့တွေ့ရမှာအမှန်ပါပဲ ။

"လာပါ ရှောင်းကလည်း မားတို့လည်းပါတာပဲကို ခရီးလေးတစ်ခုသွားရတာဘာဖြစ်မှာမို့လို့လဲ"

"မလိုက်တော့ဘူးလို့ ဒီအတိုင်း အိမ်မှာပဲနေရတာနှစ်ခြိုက်တယ် "

"ပြီးရော ... အဲ့တာဆိုလည်း သူ့ကိုအကြောင်းကြားလိုက်ဦးမှပဲ"

"ဘယ်သူ့ကိုလဲ "

"ဘာကိုလဲ"

"ခုနက သူ ဆိုတဲ့လူတစ်ယောက်လေ"

"ငါမပြောမိပါဘူး"

"...."

ခုနလေးတင်ပဲ ဘယ်သူ့ကိုလည်းမသိအကြောင်းကြားမယ်ဆိုပြီး
ပြောခဲ့ပြီးတော့ မဟုတ်မှလွဲရော ၀မ် နဲ့ ကျန့်နဲ့က ပေါင်းကြံနေတာ
တော့မဟုတ်လောက်ပါဘူးနော် ။

လှည်းလေးကိုလက်ပြနူတ်ဆက်ကာ အထဲ၀င်လာလိုက်သည် မားတို့ကနှစ်ရက်ကြာမယ်လို့ပြောတယ် ရိပေါ်က နန်းတော်မှာမို့လိုက်မသွားပါ အိမ်မှာ အစေခံတွေရယ် အိမ်တော်ထိန်းကြီးရယ် ရှောင်းရယ်ပဲ ကျန်နေခဲ့တယ် ရိပေါ်က
မနက်တိုင်းနန်းတော်ကိုသွားတယ် ညဘက်မှပြန်လာတယ် တစ်ခါတစ်လေဆို ညနက်မှပြန်လာတယ် ။

ယနေ့ညနေပိုင်းလောက်ပြန်လာတော့ သူတို့နှစ်ယောက်လည်း
လသာဆောင်ဘက်ကို လမ်းလျှောက်ထွက်လာပြီးစကားပြောဖြစ်
ကြတယ် ။

"ရိပေါ်"

"ဟုတ်ကဲ့"

"ငါမင်းကိုတစ်ခု၀န်ခံစရာရှိတယ်"

"ဟုတ် ပြောလေရှောင်း"

"အဲ့တာက...ငါ...ဘာမှမဟုတ်တော့ပါဘူးလေ မေ့သွားပြီ"

"ရပါတယ် ဖြေး‌ဖြေးပေါ့ "

"မင်းကျန့်နဲ့ဘယ်လိုစသိခဲ့တာလဲ "

"အင်း... ငယ်ငယ်ကတစ်ခါတွေ့ဖူးတယ် နောက်တော်တော်လေးနှစ်ကြာတော့မှတစ်ခါပြန်တွေ့တာ"

"အော်...."

"ငယ်ငယ်ကဆို သူကပေတိပေစုတ်နဲ့ သစ်သီးလှည်းလေးကိုရပ်ကြည့်နေတာ ကျွန်တော်လည်းသူ့ကိုမုန့်
လေးသွားပေးလိုက်တာ သူကပြုံးပြပြီး ကျွန်တော့်ကို ဒါလေးပြန်ပေးတယ်"

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now