Part 28 ❤️

377 61 2
                                    

ချစ်ကြိုးလေးသွယ်
Part 28 ❤️
----------------
ငြိမ့်ညောင်းလှသောစောင်းသံလေးကမိုးအေးအေးလေးနဲ့နားထောင်လို့ကောင်းပါတယ် သူ့စောင်းသံကိုမားမားကတအားကြိုက်တယ်
ယခုလည်းစောင်းတီးနေတော့ မားမားကသူ့ရှေ့မှာထိုင်ပြီးလာနားထောင်နေလေတာ အိမ်တော်ရဲ့
သခင်မကြီးပီပီ ရိုးရှင်းလှပသောဆံထိုးရယ် နားကပ်လေးရယ် လက်စွပ်တစ်ကွင်းရယ် မားကရိုးရိုးပဲ၀တ်စားတယ် ။

"ပျင်းစရာကြီး..."

မားဘေးနားမှာထိုင်နေသောကျန့်က ဒီစကားပြောလာတော့မားကလက်ကိုဆွဲဆိတ်တယ်။

"နင်ဟာလေ အနုပညာကိုမခံစားတတ်ဘူး"

"..."
ရိပေါ်ကတော့ကြည့်ပြီးပြုံးသာပြုံးနေတယ် နောက်ဆုံးပြီးသွားတော့လက်ခုပ်တီးပေးကြတယ် အသိအမှတ်ပြု
သောအနေနဲ့ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်ပါတယ်။

"မားရဲ့သားလေးကတော်လိုက်တာကွယ် သံစဉ်လေးကကောင်းမှကောင်း"

"ကျေးဇူးမား"

"ကျန့် မားကိုဆေးလိုက်တိုက်စမ်းပါဦးကွယ်"

"ဟုတ်ကဲ့"

မားရဲ့ဆေးတွေနဲ့ပတ်သက်ပြီးသိတာဆိုရင် ကျန့်တစ်ယောက်ပဲရှိတာ
ကြောင့်ရယ် နောက်ပြီးအိမ်တော်မှာတစ်ယောက်ယောက်နေမကောင်းဖြစ်ရင်
ဆေးတွေအကြောင်းကိုကျန့်ကသိနားလည်သူမို့ ကျန့်ကိုအထူးအားကိုးရပါတယ် ။

"ရှောင်း စောင်းထပ်တီးဦးမလား"

"မတီးတော့ပါဘူးလေ....ပြန်သွားထားလိုက်တော့"

"ရှောင်း"

"ဟင်..."

"ကျွန်တော့်ကိုဘာလက်ဆောင်ပေးမှာလဲ မွေးနေ့လက်ဆောင်လေ"

ရိပေါ်ကထိုသို့ပြောလာတော့ တစ်နေ့ညကိုရုတ်တရက်ပြန်မှတ်မိ
သွားပြီး မျက်နှာလေးနီလာတော့သည် မွေးနေ့လက်ဆောင်ဆိုပြီး
ပြောလိုက်ရင် ၀မ်ကသူ့ကို...အို... ရှက်စရာပဲ ဘာလို့ဆက်တွေးမိနေတော့တာလဲ ။

"ရှောင်းနော် ရှောင်းတုန်းကကြတော့ ကျွန်တော်ပေးရတယ်လေ "

"အင်းပါ...ပေး..ပေးပါ့မယ် ငါ့အခန်းထဲမှာသွားယူရမှာ လာစောင်းကိုပါသယ်ခဲ့"

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now