Part 31❤️

370 61 4
                                    

ချစ်ကြိုးလေးသွယ်
Part 31❤️
----------------
အိမ်ရှေ့စံက တစ်ရက်ခြားစီ ရှောင်းစီကိုလာတယ် ကျန့်ကိုတွေ့တော့
လည်း ကိုယ်နဲ့ရုပ်တူပေမဲ့လည်း ကျန့်ကသူ့လောက် အဖတ်မလုပ်ခံ
ရပါ အိမ်ရှေ့စံကသူမှသူဖြစ်နေတာ ပါးကလည်း အိမ်ရှေ့စံရဲ့အာဏာ
ကိုကြောက်လို့ မျက်နှာချိုသွေးရတယ် မားကတော့ ရိုသေလေးစား
မူ့နဲ့သာဆက်ဆံတယ် ရိပေါ်ကတော့ ဖုတ်လေငပိရှိတယ်လို့တောင်
မမှတ်ပါ ။

"ရှောင်း အိမ်ရှေ့စံကို သဘောကျလား"

ရိပေါ်က ရုတ်တရက်ဆိုလာတာကြောင့် စောင်းတီးမယ်ပြင်သောလက်တွေကရပ်တန့်သွားရပါတယ် ရိပေါ်ကို
မော့ကြည့်ကာခေါင်းခါပြတယ် ။

"ကျွန်တော်ရောပဲ ကြည့်လို့ကိုမရဘူး"

"မင်းမကြည့်ချင်ရင်လည်းမျက်စိမှိတ်ထားပေါ့"

"ရှောင်းကလည်း အခုသူ့ဘက်ကနေပြောနေတာလား"

"မဟုတ်ပါဘူး"

"လိပ်ပြာလိုလာလာဝဲနေတာ သဘောမကျဘူး"

"ဘာလဲ မင်းကသ၀န်တိုလို့လား"

"ဟုတ်တာပေါ့ ကျွန်တော့်ရဲ့မိသားစု၀င်တစ်ယောက်အနေနဲ့သ၀န်တိုတာပေါ့"

"အော်...."

"ဒါနဲ့ ၀မ် တစ်ယောက် နယ်ပြောင်းရမယ်ဆိုပြီး အမိန့်စာကျလာတယ် "

ရှောင်းကဒီတစ်ခါကျတော့ အလန့်တကြားနဲ့မော့ကြည့်လာတယ်
၀မ်ကရုတ်တရက်ကြီးနယ်ပြောင်းရမယ်တဲ့လား ။

"ဘယ်ကိုတဲ့လဲ "

"အနောက်ဘက်ပြည်နယ်ကို "

"ဒီနေရာနဲ့ တော်တော် ဝေးတာပေါ့နော် "

"ရှောင်းကလည်း လမ်းမှာ ၅ ရက် ၁၀ရက်လောက်အိပ်ရလောက်တဲ့အထိဝေးတာပေါ့ဗျ "

"....."

"သူဘယ်တော့သွားမလဲဆိုတာတော့မသိပေမဲ့ မကြာခင်သွားရမယ်လို့ထင်တယ် "

"အော်.... သူရာထူးတိုးမှာပဲကို ကောင်းတာပေါ့ "

ရှောင်းက လေသံဖျော့ဖျော့နဲ့ပြောကာစောင်းတီးနေသည် သူမျက်စိ
မှိတ်လိုက်တိုင်း ၀မ့်မျက်နှာကပေါ်လာတယ် ရိပေါ် နဲ့တုန်းကအဲ့လောက်မဖြစ်ခဲ့ဘူး ရိပေါ်ကအမြဲ ပျော်ပျော်နေတတ်တယ် ၀မ်ကခပ်တည်တည် နေတယ် နောက်ပြီးသူ့အပြုံးဆိုမြင်ရတာခပ်ရှားရှားပဲ ဘာကြောင့်လဲ ....
ဘာလို့စိတ်ထဲမှာတစ်မျိုးကြီးလိုပဲ ၀မ်းနည်းချင်လာသလိုလိုနဲ့ပဲ ။

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now