Part 27❤️

399 67 3
                                    

ချစ်ကြိုးလေးသွယ်
Part 27 ❤️
___________
ယနေ့ကလဆန်းရက်လေးဖြစ်သလိုပဲ ၀မ်နဲ့ရိပေါ်တို့ရဲ့မွေးသောနေ့
လေးလည်းဖြစ်ပါတယ် သူတို့လေးယောက်စလုံးညဈေးလေးကို
ရောက်နေကြတယ် ။

"ငါတို့လူစုခွဲသွားရအောင် ငါနဲ့ရိပေါ်နဲ့သွားမယ် ရှောင်းကတော့၀မ်နဲ့သွားအဲ့လိုလုပ်မယ်နော်"

"...."

"ကျန့်ကိုယ်တို့တွေအတူတူသွားနေတာဘာဖြစ်လို့လဲ"

"ရိပေါ်ကလည်း...."

ကျန့်ကရိပေါ် ရဲ့လက်မောင်းကိုဆုတ်ကိုင်ကာ ဆိုးသည် အေးပေါ့လေသူလည်းနှစ်ယောက်ထဲလျှောက်လည်ချင်မှာပဲကို ။

"သွားကြလေ မင်းတို့နှစ်ယောက်သွားတာပဲကို"

"ဖြစ်ပါ့မလားရှောင်း"

"ငါ့ဘေးနားမှာ ၀မ်ရှိပါတယ် ဘယ်သူကဘာလာလုပ်မှာမို့လို့လဲ သွား
လွတ်လွတ်လပ်လပ်သွားနေကြ"

"ဟုတ်ကဲ့ လာကျန့်သွားမယ်"

"ဟီး...ဟုတ်"

ထွက်သွားသောအချစ်ငှက်လေးနှစ်ကောင်ကိုတစ်လှည့် ရှောင်းကို
တစ်လှည့် ကြည့်မိတော့ ရှောင်းကမျက်နှာတည်နေကာသက်ပြင်း
သဲ့သဲ့လေးချလိုက်သံကိုကြားလိုက်ရပါတယ် ။

"ရှောင်း...အဆင်‌ပြေရဲ့လား"

"ဘာကိုအဆင်မပြေရမှာလည်း ပုံမှန်ပါပဲကောင်းပါတယ်"

"ရှောင်း၀မ်းနည်းနေပြီထင်လို့"

"၀မ်းနည်းလည်းဘာတတ်နိုင်မှာလဲ ကိုယ့်အပိုင်မှမဟုတ်တာ"

"...."

"ဆက်လျှောက်လည်ကြမယ်လေနော် ၀မ်"

"အင်း"

"ကျွန်တော့်မှာအဖော်မရှိလို့ ၀မ်ကအဖော်လုပ်ပေးမယ်မှတ်လား"

"ကိုယ်လုပ်ပေးမှာပေါ့  ကဲ ရှောင်းဘာစားမလဲ "

"စဉ်းစားဦးမယ်လေနော်"

"အင်း"

ဘာမှလည်းမစားသလိုပဲ လမ်းကိုသာဦးတည်လျှောက်နေတဲ့ ရှောင်းရှေ့ကိုတစ်ခုခုကရောက်လာတယ် ။

"စားလေ"

"တုတ်ထိုးချိုချဉ်လေးပဲ"

"မှတ်မိသေးတယ်မှတ်လား"

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now